Connect with us

Media

တူရကီနိုင်ငံက မအောင်မြင်သောအာဏာသိမ်းမှုနှင့် ဆက်စပ်သည့် သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီး

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တူရကီရဲတပ်ဖွဲ့က ၂၀၁၆ ခုနှစ်တွင် အာဏာသိမ်းကြိုးပမ်းမှုအား စီစဉ်ကြောင်း စွပ်စွဲထားသည့် ကွန်ရက်နှင့် ဆက်စပ်၍ ဖမ်းဝရမ်းထုတ်ခံထားရသော်လည်း လွတ်မြောက်နေဆဲဖြစ်သော သံသယရှိသူ ၁၃ ဦးကို အစ္စတန်ဘူလ်မြို့၌ ဒီဇင်ဘာ ၂၁ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။

အမေရိကန်အခြေစိုက် တူရကီတရားဟောဆရာ Fethullah Gulen ဦးဆောင်သည့် လှုပ်ရှားမှုတွင် ပါဝင်သူများဟု အတည်ပြုထားသည့် နေအိမ်များ၌ နေထိုင်နေကြသည့် တရားခံပြေးများကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း တူရကီပုဂ္ဂလိကပိုင် NTV ရုပ်သံလိုင်း၏ ထုတ်လွှင့်ချက်အရ သိရသည်။ (Xinhua)

…………………………..
(English Version)
Türkiye detains 13 suspects over links to failed coup
Turkish police on Thursday rounded up 13 suspects in Istanbul who were at large despite an arrest warrant over their alleged links to a network accused of orchestrating a coup attempt in 2016.
The police found that some of the fugitives had stayed at houses that were identified as the cells of the movement led by U.S.-based Turkish preacher Fethullah Gulen, according to the private Turkish broadcaster NTV.
Xinhua News Agency correspondents reporting from Istanbul, Türkiye.(XHTV)