Connect with us

Media

တရုတ်နိုင်ငံက အမေရိကန်ကုမ္ပဏီတစ်ခုနှင့် လူပုဂ္ဂိုလ်နှစ်ဦးကို တန်ပြန်ပိတ်ဆို့အရေးယူ

ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အမေရိကန်ထောက်လှမ်းရေးအချက်အလက်ကုမ္ပဏီ Kharon နှင့် လူပုဂ္ဂိုလ်နှစ်ဦးကို တန်ပြန်ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်ချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၆ ရက်၌ ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား သားပုပ်လေလွင့်ပြောဆိုခြင်းကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

အမေရိကန်နိုင်ငံက ရှင်းကျန်းဒေသနှင့် စပ်လျဉ်းသော နှစ်ပတ်လည် လူ့အခွင့်အရေးအစီရင်ခံစာတစ်စောင်ကို မကြာသေးမီက ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံမှ အရာရှိနှစ်ဦးနှင့် ကုမ္ပဏီသုံးခုအား ပိတ်ဆို့အရေးယူခဲ့ကြောင်း သတင်းများအရ သိရသည်။ တရုတ်နိုင်ငံကလည်း ယင်းအပေါ် တန်ပြန်အရေးယူမှုများ အပြည့်အဝဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ “အစီရင်ခံစာထုတ်ပြန်လိုက်ခြင်းဖြင့် အမေရိကန်ဟာ ရှင်းကျန်းနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အကြောင်းအရာတွေကို ထပ်မံဖြန့်ချိလိုက်တာဖြစ်ပြီး တရုတ်တာဝန်ရှိသူတွေနဲ့ ကုမ္ပဏီတွေကို လူ့အခွင့်အရေးအမည်ခံပြီး တရားမဝင်ဒဏ်ခတ်ပိတ်ဆို့လိုက်တာလည်း ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ယင်းကိစ္စနှင့်စပ်လျဉ်းသော မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ကြီးမားစွာ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကာ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများကိုလည်း ချိုးဖောက်ခြင်းဖြစ်ကြောင်း မော်က ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါ ဆောင်ရွက်ချက်သည် တရုတ်နိုင်ငံအား သားပုပ်လေလွင့်ပြောဆိုရန်နှင့် တရုတ်တာဝန်ရှိသူများ၊ ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားကို ထိခိုက်မှုရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့အနေနဲ့ ဒီလိုလုပ်ဆောင်မှုကို အခိုင်အမာကန့်ကွက်ပြီးတော့ အပြင်းအထန်ရှုတ်ချပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အပေါ် နိုင်ငံရေးအရဆောင်ရွက်မှု လုပ်ဆောင်သွားမယ်” ဟု မော်က ဆိုသည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားအရေးယူပိတ်ဆို့မှုဆန့်ကျင်ရေးဥပဒေအရ ရှင်းကျန်းဒေသ၏ ထိခိုက်လွယ်သော သတင်းအချက်အလက်များအား ကာလရှည်စုဆောင်းပြီး ရှင်းကျန်းဒေသနှင့်စပ်လျဉ်းသော အမေရိကန်၏ တရားမဝင်ပိတ်ဆို့အရေးယူမှုများအတွက် အမည်ခံသက်သေများ ပံ့ပိုးပေးလျက်ရှိသည့် Kharon အမေရိကန်ထောက်လှမ်းရေးအချက်အလက်ကုမ္ပဏီ၊ ယင်းကုမ္ပဏီ၏ ဒါရိုက်တာ Edmund Xu နှင့် Center for Advanced Defense Studies ၏ သုတေသီဟောင်း Nicole Morgret တို့ကို တရုတ်နိုင်ငံက တန်ပြန်ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ခြင်းဖြစ်ကြောင်း မော်က ပြောခဲ့သည်။ အဆိုပါ လူပုဂ္ဂိုလ်နှစ်ဦးအား တရုတ်နိုင်ငံသို့ ဝင်ရောက်မှုကို တားမြစ်ပိတ်ပင်ထားမည်ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံရှိ Kharon ကုမ္ပဏီနှင့် အဆိုပါလူပုဂ္ဂိုလ်နှစ်ဦးတို့၏ ရွှေ့ပြောင်းနိုင်သောနှင့် မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများကိုလည်း ပိတ်သိမ်းထားမည်ဖြစ်သလို ၎င်းတို့နှင့် တရုတ်နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ငွေလွှဲငွေယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း တားမြစ်သွားမည်ဟု မော်က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………………
(English Version)
China to take countermeasures against one U.S. company, two individuals
BEIJING, Dec. 26 (Xinhua) — A Chinese foreign ministry spokesperson on Tuesday announced China’s decision to take countermeasures against American intelligence data company Kharon and two individuals, urging the U.S. side to stop smearing China.
According to media reports, the United States recently issued an annual human rights report related to Xinjiang and sanctioned China’s two officials and three companies. China said it will take resolute countermeasures.
“By issuing the report, the United States once again spread false stories on Xinjiang and illegally sanctioned Chinese officials and companies citing so-called human rights issues,” spokesperson Mao Ning said at a daily news briefing when answering a relevant query, adding that this move constitutes grave interference in China’s internal affairs and violates the international law and the basic norms of international relations. The move is designed to vilify China and harmful to the lawful rights and interests of relevant Chinese officials and companies.
“We firmly oppose and strongly condemn the move and have made serious démarches to the United States over this,” Mao said.
Mao said in accordance with China’s Anti-Foreign Sanctions Law, China will take countermeasures against American intelligence data company Kharon, which has long collected Xinjiang-related sensitive information and provided so-called evidence for America’s illegal sanctions related to Xinjiang, Edmund Xu, director of investigations of Kharon, and Nicole Morgret, former researcher of the Center for Advanced Defense Studies.
The two persons will be prohibited from entering China. China will freeze the property of Kharon and the two persons in China, including their movable and immovable property, and prohibit organizations and individuals in China from transactions and cooperation with them, Mao added.