Connect with us

Media

တရုတ်နိုင်ငံ၏ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထား ဘာလင်မြို့၌ ပွဲဦးထွက် ပြသ

ဘာလင်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ CRRC ကော်ပိုရေးရှင်းလီမိတက်က CINOVA H2 ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားအား ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် InnoTrans ကုန်စည်ပြပွဲ၌ ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါရထားက တစ်နာရီလျှင် အမြန်နှုန်း ကီလိုမီတာ ၂၀၀ အထိ မောင်းနှင်နိုင်ပြီး ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိကြောင်း သိရသည်။
ရထားက ခရီးသည် ၁,၀၀၀ ကျော် တင်ဆောင်နိုင်ပြီး ဟိုက်ဒရိုဂျင်စွမ်းအင်အပြည့် ဖြည့်ထားပါက တစ်နာရီလျှင် ပုံမှန်အမြန်နှုန်း ကီလိုမီတာ ၁၆၀ ဖြင့် ကီလိုမီတာ ၁,၂၀၀ အထိ သွားလာနိုင်ကြောင်း သိရသည်။
ခရီးသည်တစ်ဦးလျှင် တစ်ကီလိုမီတာတွင် ဟိုက်ဒရိုဂျင်သုံးစွဲမှု ၀.၃ ဂရမ်ထက်နည်းသည့် CINOVA H2 ဟိုက်ဒရိုဂျင် စွမ်းအင်သုံးရထားက တစ်နှစ်လျှင် ခန့်မှန်းခြေ ပြေးဆွဲမှုအကွာအဝေး ကီလိုမီတာ ၃၀၀,၀၀၀ အပေါ် အခြေခံပြီး နှစ်စဉ် ကာဗွန်ထုတ်လွှတ်မှုကို တန်ချိန် ၇၃၀ အထိ လျှော့ချပေးရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
……………………………
China’s hydrogen-powered train debuts in Berlin
China’s CRRC Corporation Limited unveiled its hydrogen-powered train, the “CINOVA H2,” at the 2024 InnoTrans in Berlin that concluded on Friday.
The train can reach a speed of up to 200 kilometers per hour (km/h) with zero-emission.
This train can travel up to 1,200 km on a full hydrogen tank at a cruising speed of 160 km/h, carrying over 1,000 passengers.
The “CINOVA H2,” with a hydrogen consumption of less than 0.3 grams per passenger per km, is projected to reduce carbon emissions by 730 tonnes annually, based on an estimated operating distance of 300,000 km each year.
Xinhua News Agency correspondents reporting from Berlin.(XHTV)