Connect with us

Media

၂၀၂၄ ခုနှစ် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွက် ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထား တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့သို့ ရောက်ရှိ

ရှန်ဟိုင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
သတ္တမမြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွက် ပြပွဲပစ္စည်းများ တင်ဆောင်လာသည့် ပထမဆုံး ကျင့်ပေါ် တရုတ်-ဥရောပ ကုန်တင်ရထားက ရှန်ဟိုင်းမြို့ရှိ မင်ဟန်ရထားဘူတာရုံသို့ အောက်တိုဘာ ၂၀ ရက်တွင် ဆိုက်ရောက် လာခဲ့ပြီး CIIE ပြပွဲထုတ်ကုန်များအား တရုတ်-ဥရောပ ကုန်တင်ရထား ဝန်ဆောင်မှုမှ တစ်ဆင့် ရှန်ဟိုင်းမြို့သို့ လေးနှစ်ဆက်တိုက် သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကျင့်ပေါ်ဆိုသည်မှာ တရုတ်တွင် CIIE ၏ အတိုကောက်အဓိပ္ပာယ် ဖြစ်သည်။ ယင်းရထားသည် ၂၁ ရက်ကြာ ကီလိုမီတာ ၁၁,၀၀၀ ကျော် ခရီးပြုခဲ့ပြီး အလှကုန်ပစ္စည်းများနှင့် စက်ယန္တရားပစ္စည်းကိရိယာများအပါအဝင် ယွမ်သန်း ၁၀၀ ခန့် (အမေရိကန်ဒေါ်လာ ၁၄.၀၈ သန်းခန့်) တန်ဖိုးရှိ ကုန်ပစ္စည်း ကွန်တိန်နာ ၇၆ TEUs တင်ဆောင်လာခဲ့ကြောင်း သိရသည်။
အဆိုပါရထားသည် ဂျာမနီနိုင်ငံမှ ထွက်ခွာလာခဲ့ပြီးနောက် ပိုလန်၊ ဘီလာရုဇ်၊ ရုရှား၊ ကာဇက်စတန်နှင့် အခြားနိုင်ငံများအား ဖြတ်ကျော်မောင်းနှင်ကာ အာလက်ထိုက်နယ်စပ်စခန်းမှတစ်ဆင့် ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ရထားက စုစုပေါင်းကီလိုမီတာ ၁၁,၀၀၀ ကျော် ခရီးနှင်လာခဲ့ပြီး အဓိကအားဖြင့် အလှကုန်၊ စက်ယန္တရားနှင့် ပစ္စည်းကိရိယာများအား သယ်ဆောင်လာခဲ့ကြောင်း သိရသည်။(Reposted from Xinhua)
………………………

(English Version)

First China-Europe freight train for CIIE 2024 arrives in China’s Shanghai

The first “Jinbo” China-Europe freight train carrying exhibits for the 7th China International Import Expo (CIIE) arrived at the Minhang Station in Shanghai on Sunday, marking the fourth consecutive year that CIIE exhibition products have been transported to Shanghai via the China-Europe freight train service. “Jinbo” is short for CIIE in Chinese. The train, which traveled more than 11,000 km over 21 days, is loaded with 76 twenty-foot equivalent units (TEUs) of containers of goods valued at about 100 million yuan (about 14.08 million U.S. dollars), including cosmetics and mechanical equipment. After departing from Germany, the train traveled through Poland, Belarus, Russia, Kazakhstan, and other countries, entering China via the Alataw Pass Railway Port. With a total journey of over 11,000 kilometers, the main cargo carried was cosmetics, machinery, and equipment. Xinhua News Agency correspondents reporting from Shanghai, China. (XHTV)