Connect with us

Media

တရုတ်နိုင်ငံ၏ AG600 ကုန်း၊ ရေနှစ်သွယ်သွားလေယာဉ် ပျံတက်မှုအနှေးဆုံးနှုန်း စမ်းသပ်မှုပြီးစီး

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ AG600 ကုန်း၊ ရေနှစ်သွယ်သွားလေယာဉ်ကြီးသည် ပျံတက်မှုအနှေးဆုံးနှုန်းဆိုင်ရာ လေကြောင်းပျံသန်းခွင့်စမ်းသပ်မှုကို အောက်တိုဘာ ၂၅ ရက်က ပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က ကြေညာခဲ့သည်။
တရုတ်နိုင်ငံက သီးခြားလွတ်လပ်စွာတည်ဆောက်ထားသော AG600 လေယာဉ်သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် Pucheng ခရိုင်တွင် လေယာဉ်စမ်းသပ်ပျံသန်းမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဦးဆောင်လေယာဉ်ထုတ်လုပ်ရေးက ပြောကြားခဲ့သည်။
အဆိုပါ စမ်းသပ်မောင်းနှင်မှုသည် သယ်ယူပို့ဆောင်ရေးလေယာဉ်များအတွက် အခက်ခဲဆုံးနှင့် အန္တရာယ်အများဆုံး စမ်းသပ်ပျံသန်းမှုများအနက် တစ်ခုဖြစ်သည်။ ယင်းမှာ လေယာဉ်အဆင်းအတက် အမြန်နှုန်း၏ ဘေးကင်းမှုပုံစံအတွက် လွန်စွာအရေးပါမှုလည်း ဖြစ်သည်။
ယခုစမ်းသပ်ပျံသန်းမှု အောင်မြင်စွာပြီးစီးခြင်းသည် AG600 လေယာဉ်၏ စမ်းသပ်ပျံသန်းရေးဘေးကင်းမှုများနှင့် လေကြောင်းပျံသန်းခွင့် အသိအမှတ်ပြုမှုများအတွက် ခိုင်မာသောအခြေခံဖြစ်ကြောင်း သိရသည်။
AG600 ကုန်း‌၊ ရေနှစ်သွယ်သွားလေယာဉ်သည် တရုတ်နိုင်ငံက ပထမဆုံး သီးခြားလွတ်လပ်စွာထုတ်လုပ်ထားသော၊ အရွယ်အစားကြီးမားသော၊ အထူးဘက်စုံအရပ်ဘက်သုံး လေယာဉ်အုပ်စုဝင် ဖြစ်သည်။ ထိုလေယာဉ်ကို နိုင်ငံတစ်ဝန်း တောမီးငြှိမ်းသတ်ခြင်းလုပ်ငန်း၊ ပင်လယ်ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းနှင့် အခြား အရေးပေါ်ကယ်ဆယ်ရေးကဏ္ဍများရှိ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် တည်ဆောက်ထားခြင်းဖြစ်ကြောင်း AVIC က ဆိုသည်။ (Xinhua)

…………………………..
(English Version)
China’s AG600 amphibious aircraft completes minimum unstick speed flight test
BEIJING, Oct. 26 (Xinhua) — China’s AG600 large amphibious aircraft on Friday passed an airworthiness validation flight test of its minimum unstick speed, the Aviation Industry Corporation of China (AVIC) has announced.
China’s independently developed AG600 aircraft underwent the flight test in Pucheng County of northwest China’s Shaanxi Province, said AVIC, the country’s leading aircraft manufacturer.
The minimum unstick speed test is one of the most difficult and high-risk flight tests for transport aircraft. It is of great importance to ensuring the safe formulation of an aircraft’s takeoff and landing speeds.
The successful completion of this flight test has laid a solid foundation for the AG600’s subsequent safety flight tests and airworthiness certification, according to the aircraft’s developer.
The AG600 amphibious aircraft family is China’s first independently developed, large-sized, special-purpose civil aircraft family. It is tailored to meet the needs of forest firefighting, maritime rescue and other emergency rescue sectors across the country, AVIC has said.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.