Connect with us

Media

ဒုတိယအကြိမ် ရိုးရာအားကစား နိုင်ငံတကာ ကူးလူးဖလှယ်ရေး ပြိုင်ပွဲ ကူမင်းမြို့၌ ကျင်းပ

ကူမင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ရိုးရာအားကစား နိုင်ငံတကာ ကူးလူးဖလှယ်ရေး ပြိုင်ပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် အောက်တိုဘာလ ၁၇ ရက်မှ အောက်တိုဘာလ ၂၁ ရက်အထိ ကျင်းပခဲ့ပါသည်။

ယခုအကြိမ်ပြိုင်ပွဲတွင် ကိုယ်ခံပညာ၊ ချိကုန်း၊ ဂိုကစားနည်းအပြင် နဂါးအက၊ ခြင်္သေ့အက စုံလင်လှသော ရိုးရာယဉ်ကျေးမှု အင်္ဂါရပ် ၄ ခုပါဝင်ရာ နိုင်ငံနှင့် ဒေသပေါင်း ၂၇ ခုမှ ကစားသမား ၇၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် ဆွဲဆောင်နိုင်ခဲ့ပါသည်။ ယင်းအနက် နဂါးအက၊ ခြင်္သေ့အကတွင် အဖွဲ့ ၁၄ ဖွဲ့ပါဝင်ပါသည်။

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှ နဂါးအကအဖွဲ့ကို ဦးဆောင်သူ ချန်ဟန်ဝီ(Chan Hong Kin)က တရုတ်နိုင်ငံကို ၁၉၉၉ ခုနှစ်မှာ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး ယခုနှစ်ဆိုလျှင် ၂၅ နှစ်ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)

……………………………………..

(Chinese Version)

第二届传统体育国际交流大赛在昆明举行

10月17日至10月21日,第二届传统体育国际交流大赛在云南省昆明市举行。本届大赛涵盖武术、健身气功、围棋以及舞龙舞狮四个富有传统文化特色的项目,吸引来自27个国家和地区的723名选手参赛。其中,参加舞龙舞狮的队伍有14支。来自马来西亚柔佛州舞龙队的领队陈汉维说,第一次来中国是1999年,到今年已有25年。他看到中国经济发展越来越好,高铁等便利交通设施让我们很方便到中国参加各种活动。中国对我们实行免签证,马来西亚人民觉得很棒,可以随时买机票飞往中国。