Connect with us

Media

တရုတ်နိုင်ငံ၏ အမျိုးသားနေ့အားလပ်ရက်အတွင်း အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်း တိုးတက်

ထျန်းကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့၌ ရက်သတ္တပတ်ကြာ အမျိုးသားနေ့အားလပ်ရက် ပထမနေ့ဖြစ်သည့် အောက်တိုဘာ ၁ ရက်တွင် အပျော်စီးသင်္ဘောနှစ်စင်းဖြင့် ခရီးသွားသူ ပြည်တွင်း၊ ပြည်ပ ခရီးသည် ၇,၀၀၀ နီးပါး ရှိခဲ့ကြောင်း သိရသည်။
ထျန်းကျင်းမြို့က နိုင်ငံတကာအပျော်စီးသင်္ဘော အခြေစိုက်ဆိပ်ကမ်းအား အသုံးပြုကာ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် သိသိသာသာ ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထျန်းကျင်းမြို့သည် ပြည်ပနိုင်ငံသားများအတွက် ဝန်ဆောင်မှုစွမ်းဆောင်ရည်အား မြှင့်တင်ရန် ဗီဇာကင်းလွတ်ခွင့်မူဝါဒနှင့် ဆေးဘက်ဆိုင်ရာ ငွေပေးချေမှုအဆင်ပြေစေသော မူဝါဒအား အပြည့်အဝ အသုံးပြုလျက်ရှိကြောင်းလည်း သိရသည်။ (Xinhua)
……………………………
(English Version)
Cruise tourism booms during China’s National Day holiday
North China’s Tianjin Municipality, registered nearly 7,000 outbound and inbound passengers via two cruise ships on Tuesday, the first day of the week-long National Day holiday.
Leveraging its international cruise home port, Tianjin has made significant efforts to develop the cruise tourism economy.
The city is also taking full advantage of the visa-free transit policy and the medical payment convenience policy to enhance the service capabilities for foreigners.
Xinhua News Agency correspondents reporting from Tianjin, China. (XHTV)