Connect with us

Media

“အလှူပွဲမြိုင်ဆိုင် လတန်ဆောင်တိုင်” မှာ ရိုးရာဓလေ့ပွဲတော် အမှတ်တရပွဲတွေအကြောင်း မျှဝေကြမယ်

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
မြန်မာတို့၏ ၁၂ လရာသီပွဲတော်များထဲတွင် ရိုးရာဓလေ့ပွဲအများဆုံး လဖြစ်သည့် တန်ဆောင်မုန်းလတွင် မြန်မာလူမျိုးများသည် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပွဲ ၊ နိဗ္ဗာန် ဈေးပွဲတော်၊ ကျီးမနိုးပွဲတော်၊ ပံ့သကူပစ်ခြင်းနှင့် လပြည့်နေ့တွင် မယ်ဇလီဖူးသုပ် စားသုံးခြင်း၊ လူကြီးမိဘများအား ဂါရဝပြုခြင်းများပြုလုပ်ကာ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူအတန်းများပြုလုပ်ပြီး တန်ဆောင်တိုင်ပွဲတော်ကို ဆင်နွှဲကြပါသည်။ တန်ဆောင်မုန်းလသည် မြန်မာ(၁၂)လရာသီတွင် ၈ လ မြောက်(အဋ္ဌမမြောက် လ) ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အလေးထား ဆင်နွှဲလေ့ရှိသည့် ပွဲတော်အခါသမယတစ်ခုလည်း ဖြစ်ပါသည်။ (Reposted from Xinhua)