Media
မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် လှပသောရောင်စုံမီးပုံးပျံများဖြင့် တောင်ကြီးမီးပုံးပျံပွဲတော် ကျင်းပလျက်ရှိ
တောင်ကြီး၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်တွင် နာမည်ကျော် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လှပသောရောင်စုံမီးပုံးပျံများဖြင့် ကျင်းပလျက်ရှိကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းထံမှ သိရသည်။ နိုဝင်ဘာ ၁၄ ရက် ညပိုင်း မီးပုံးပျံပြိုင်ပွဲမြင်ကွင်း၊ ဈေးဆိုင်ခန်းများနှင့် လာရောက်လည်ပတ်ကြသူများကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ တောင်ကြီးမီးပုံးပျံပွဲတော်သည် မြန်မာပြက္ခဒိန်၏ ၈ လမြောက်ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ ယခုနှစ်၏ တန်ဆောင်မုန်းလပြည့်နေ့သည် နိုဝင်ဘာ ၁၅ ရက်တွင် ကျရောက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း တန်ဆောင်တိုင်ပွဲတော်အခမ်းအနားများအကြား တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် ၁၈၉၄ ခုနှစ်ကတည်းက ကျင်းပခဲ့သည့် လူသိများထင်ရှားသော ပွဲတော်တစ်ခုလည်း ဖြစ်သည်။ (Xinhua)