Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၃၆) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူ ပူဇော်ပွဲကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ (၃၆) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲကို နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် စေတီတော်ရင်ပြင်ရာဟုထောင့်ရှိ အောင်မြေ၌ ကျင်းပခဲ့သည်။ အဆိုပါမသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲတွင် ဘာသာရေးအသင်းအဖွဲ့များက ယှဉ်ပြိုင်ရက်လုပ်ကြပြီး ရရှိလာသည့် ပိတ်သားပြင်အား  အထည်အလိပ်ဆိုင်ရာ ပညာရှင်များက စစ်ဆေးအမှတ်ပေးကာ ဆုအဆင့်ခွဲခြား သတ်မှတ်၍ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ယင်းပိတ်စများအား ဝိနည်းတော်နှင့်အညီ ညတွင်းချင်းချုပ်လုပ်ကြပြီး တန်ဆောင်မုန်းလပြည့်နေ့  အာရုဏ်မတက်မီ  သတ်မှတ်ရုပ်ပွားတော်များအား ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117