Connect with us

Media

မြင်းမဟုတ်၊ သမင်မဟုတ်၊ ဆိတ်လည်းမဟုတ်၊ ကုန့်ဆန်း “သားမင်း”ပါ

ကူမင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
စာတန်းထိုး – ကုန့်ဆန်း သားမင်းသည် တရုတ်နိုင်ငံ အမျိုးသား ပထမအဆင့် ကာကွယ်ထိန်းသိမ်းထားသော တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး ၎င်း၏အသွင်အပြင်မှာ ထူးဆန်းလှပေသည်။ မုစ်သမင်ကြီး၊ ကျွဲနွား စသည့် တိရစ္ဆာန်ခြောက်မျိုးနှင့် ပုံစံတူခြင်းကြောင့် “၆ မျိုးမတူ ဒဏ္ဍာရီလာသတ္တဝါ” ဟု ခေါ်ဝေါ်လေ့ရှိကြ သည်။ မကြာသေးမီက ယူနန်ပြည်နယ်၊ နုကျန်း လိစူး လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ကုန့်ဆန်း သားမင်း (Gongshan Takin) ၏ ကြည်လင်ပြတ်သားသောဓာတ်ပုံများကို သတင်းထောက်များက ရိုက်ကူးခဲ့ကြသည်။
ကုန့်ဆန်း သားမင်းသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ယူနန်ပြည်နယ် ကောင်းလိကုန့်တောင်တန်းရှိ ဝေးလံခေါင်သီသောနေရာတွင် အဓိက နေထိုင်ကျက်စားလေ့ရှိသည်။ စစ်တမ်းကောက်ယူမှုများအရ နှစ်ပေါင်းများစွာ အကာအကွယ်ပေးထားသော ဤဧရိယာတွင် ကုန့်ဆန်း သားမင်း အရေအတွက်သည် ရာဂဏန်းမှ ၁,၀၀၀ ကျော်အထိ တိုးလာခဲ့သည်။ (Xinhua)
……………………………………..
(Chinese Version)
六不像神兽现身云南高黎贡山
贡山羚牛是中国国家一级重点保护野生动物,其外形非常奇特,外观特征与驼鹿、牛等六种动物有相似之处,俗称“六不像神兽”。近日,记者在位于云南省怒江傈僳族自治州拍到贡山羚牛的高清影像。
贡山羚牛在中国主要分布于云南省西北部的高黎贡山地区,其栖息地偏远且活动较为隐蔽。据调查,通过多年的保护,该片区的贡山羚牛从几百头增长到1000多头。