Connect with us

Media

သမ္မတရှီက မကာအိုသို့ နှစ်ပတ်လည်အခမ်းအနားများနှင့် စစ်ဆေးရေးခရီးစဉ်အတွက် ရောက်ရှိ

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မကာအိုသို့ အထူးလေယာဉ်ဖြင့် ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက ဒီဇင်ဘာ ၂၀ ရက်တွင် ပြုလုပ်မည့် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားနှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ ဆဋ္ဌမမြောက် အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ရှီက မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအား စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Xi arrives in Macao for anniversary celebrations, inspection tour
Chinese President Xi Jinping arrived in Macao on Wednesday afternoon on a special plane.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, will attend a gathering celebrating the 25th anniversary of Macao’s return to the motherland and the inauguration ceremony of the sixth-term government of the Macao Special Administrative Region (SAR) on Friday.
Xi will also inspect the Macao SAR.