Connect with us

Media

မြန်မာ စွန့်ဦးတီထွင်လုပ်ငန်းရှင်က စွန့်ပစ်ပစ္စည်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ငှက်ပျော၊ နာနတ် စသည်တို့၏ စွန့်ပစ်ပစ္စည်းများမှ တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊ နည်းပညာပေးခြင်း လုပ်ငန်းတို့ကို မြန်မာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမြင့်သိန်းက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ ငှက်ပျောပင်များ ဝန်းရံထားသည့် မြေကွက်လပ်တစ်ခုအတွင်း ဦးမြင့်သိန်းက ငှက်ပျောပင်စည်ကို ကျွမ်းကျင်စွာ အခွံနွှာပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်ရန် ထိုအပင်၏ ပင်စည်အမျှင်များကို ထုတ်ယူသည့်နည်းကို ပြသခဲ့သည်။ (Xinhua)