Media
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ဆောင်းရာသီမြေပဲ တူးဖော်ရိတ်သိမ်းလျက်ရှိ
နေပြည်တော်၊ မတ် ၁ ရက် (ဆင်ဟွာ)
နေပြည်တော်ရှိ လယ်စိုက်ခင်းတစ်ခုတွင် ဆောင်းရာသီမြေပဲ တူးဖော်ရိတ်သိမ်းမှုလုပ်ငန်းခွင်ကို ဖေဖော်ဝါရီ ၂၉ ရက်က တွေ့ရသည်။ ဆောင်းရာသီမြေပဲကို စတင်စိုက်ပျိုးပြီး (၃)လအကြာ ဖေဖော်ဝါရီလအကုန် မတ်လအတွင်း တူးဖော်ရိတ်သိမ်းကြလေ့ရှိသည်။ ပြည်တွင်း၌ မြေပဲသီးနှံအများဆုံးစိုက်ပျိုးရာ အရပ်ဒေသများမှာ မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးနည်းရပ်ဝန်းဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ဖြစ်ကြသည်။ မြေပဲသီးနှံကို စားသုံးဆီအတွက် အများဆုံးစိုက်ပျိုးထုတ်လုပ်ကြသည်။ ပြည်တွင်း၌လည်း မြေပဲဆံဖြင့် စားသောက်ကုန်မျိုးစုံအသုံးပြုပြီး ထုတ်လုပ်လျက်ရှိသည့်အပြင် မြေပဲပင်မှ ထွက်ရှိသော အမှော်၊ အရွက်၊ အရိုး၊ အမြစ်၊ အခွံများကိုလည်း စိုက်ခင်းသုံးသွင်း အားစုဓာတ်မြေဩဇာနှင့် တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြသည်။ မြေပဲသီးနှံကို ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပပို့ကုန်အဖြစ်ပါ ကုန်သွယ်မှုပြုလုပ်၍ နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိသောသီးနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ (Xinhua)