Media
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် လှည်းဆိပ်ကျေးရွာက ရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာ
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင််ဟွာ)
မြန်မာတို့၏ ရိုးရာ အစဉ်အလာ ယဉ်ကျေးမှု တစ်ခုဖြစ်သည့် ရှင်ပြု နားသ အလှူမင်္ဂလာ လှည့်လည်ပွဲ တစ်ရပ်ကို မတ် ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် လှည်းဆိပ်ကျေးရွာတွင် ကျင်းပခဲ့သည်။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကို ရည်သန်တောင်းဆု အာရုံပြုလျက် သာသနာ့ အမွေခံ ကုသိုလ်ထူးပြုလုပ်သည့် အနေဖြင့် မိဘတို့က မိမိတို့၏ သားရတနာ သမီးရတနာ တို့ကို ရဟန်းခံ ရှင်ပြု နားသ အလှူတော် မင်္ဂလာ ဆင်ယင် ကျင်းပလေ့ရှိကြောင်း သိရသည်။ (Xinhua)