Connect with us

Media

မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ယာဉ်တစ်စီး ပေ (၇၀)ခန့်အနက်ရှိ ချောင်းထဲသို့ ထိုးကျတိမ်းမှောက်မှုကြောင့် လူ ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဟန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၃၂/၂)နှင့် (၃၂/၃)ကြားတွင် မတ် ၂၀ ရက် နံနက် ၇နာရီခွဲတွင် Honda Fit အမျိုးအစား(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ပေ(၇၀)ခန့်နက်သော မိုင်းဟန်ချောင်းထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွါးပြီး လူ ၂ဦးသေဆုံးကာ လူ ၃ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“ ကားပေါ်မှာ အမျိုးသမီး ၃ဦး ၊ အမျိုးသား ၂ဦး ပါတယ်၊ အမျိုးသား ၂ဦးက အခင်းဖြစ်ပွါးရာနေရာတင် ပွဲချင်းပြီး သေဆုံးတယ်။အမျိုးသမီး၃ဦး ဒဏ်ရာရတယ်။ဒဏ်ရာက စိုးရိမ်ရအဆင့်မဟုတ်ပေမယ့် ဒဏ်ရာရရှိမှု များတယ်”ဟု ရှမ်းပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မှုစစ်အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ စုစုပေါင်း ၅ ဦးအနက် ကျား(၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ မ(၃)ဦးတို့အား ကြက်ခြေနီအသင်းမှယာဉ်ဖြင့် မိုင်းယောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)