Connect with us

Media

တရုတ်-ထိုင်း လျှပ်စစ်တက္ကစီပူးပေါင်းဆောင်ရွက်မှုက ထိုင်းလေဆိပ်အား အသွင်ပြောင်းလဲပေးလျက်ရှိ

ဘန်ကောက်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ အလုပ်အများဆုံးလေဆိပ်ဖြစ်သည့် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်က နှစ်စဉ်ခရီးသည် သန်း ၅၀ ကျော်အား လက်ခံကြိုဆိုလျက် ရှိသည်။

ရေရှည်တည်တံ့သောခရီးသွားရွေးချယ်မှုများအတွက် လိုအပ်ချက်အား အသိအမှတ်ပြုသည့်အနေဖြင့် Airports of Thailand (AOT) ကုမ္ပဏီက ယခုနှစ် ဇန်နဝါရီလမှစ၍ လျှပ်စစ်တက္ကစီဝန်ဆောင်မှုများ စတင်အသုံးပြုရန် တရုတ်လျှပ်စစ် ကား(EV) ထုတ်လုပ်သူ GAC Aion နှင့် ပူးပေါင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းကနဦးဆောင်ရွက်ချက်က ခရီးသည်များ၏ အတွေ့အကြုံကို မြှင့်တင်ပေးခြင်းသာမက လေဆိပ်အား ပိုမိုစိမ်းလန်းသော အနာဂတ်ဆီသို့ မောင်းနှင်ပေးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

…………………………………..
(English Version)
China-Thailand cooperation on electric taxis transforming Thai airport
The Suvarnabhumi Airport in Bangkok is Thailand’s busiest airport, welcoming over 50 million travelers annually.
Recognizing the need for sustainable travel options, Airports of Thailand (AOT) has joined forces with Chinese electric vehicle (EV) carmaker GAC Aion to introduce electric taxi services since January this year.
The initiative aims not only to enhance the passenger experience but also to propel the airport towards a greener future.
Xinhua News Agency correspondents reporting from Bangkok.(XHTV)