Connect with us

Media

ပေကျင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဧပြီလလယ်တွင် ဖွင့်လှစ်မည် 

ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)
၁၄ ကြိမ်မြောက် ပေကျင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဧပြီ ၁၈ ရက်မှ ၂၆ ရက်အထိ ကျင်းပရန်လျာထားပြီး ဆာဘီးယား ဒါရိုက်တာ Emir Kusturica က Tiantan ဆုအတွက် နိုင်ငံတကာအကဲဖြတ်ဒိုင်အဖွဲ့ကို ဦးဆောင်မည်ဖြစ်ကြောင်း ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေးစီစဉ်သူများက ပြောကြားခဲ့သည်။
ယခုနှစ် Tiantan ဆုအတွက် နိုင်ငံနှင့် ဒေသ ၁၁၈ ခုမှ ရုပ်ရှင်ဇာတ်ကား ၁,၅၀၉ ကားမှ စုစုပေါင်း ၁၅ ကားကို ယှဉ်ပြိုင်ရွေးချယ်မည်ဖြစ်ကြောင်း မတ် ၂၈ ရက် မွန်းလွဲပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအရ သိရသည်။
ဘရာဇီးနိုင်ငံသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်ဖြစ်ခြင်းကြောင့် ယခုနှစ်ပွဲတော်တွင် ဂုဏ်ထူးဆောင်အဖြစ် ဖိတ်ကြားခြင်းခံရသည်။ အဆိုပါပွဲတော်သို့ ဘရာဇီးရုပ်ရှင်ထုတ်လုပ်သူများနှင့် ရုပ်သံကုမ္ပဏီအမြောက်အမြား တက်ရောက်ကြမည်ဖြစ်ကာ ပေကျင်းမြို့တွင်လည်း ဘရာဇီးရုပ်ရှင်ဇာတ်ကား အများအပြားပြသမည်ဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်ပွဲတော်ကာလအတွင်း ပေကျင်းမြို့နှင့် အနီးဝန်းကျင်ရှိ ထျန်းကျင်းမြို့၊ ဟဲပေပြည်နယ်တို့ရှိ ရုပ်ရှင်ရုံ ၂၀ ကျော်တွင် ပြည်တွင်း ပြည်ပ ရုပ်ရှင်ဇာတ်ကား ၂၄၀ ကျော် ပြသမည်ဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် စတင်ကျင်းပခဲ့သော ထိုရုပ်ရှင်ပွဲတော်သည် ကမ္ဘာ့ရုပ်ရှင်လုပ်ငန်းများအကြား ကူးလူးဆက်ဆံမှု မြှင့်တင်ရန် ရည်ရွယ်ထားသလို တရုတ်နိုင်ငံ၏ ထွန်းသစ်စဈေးကွက်ကြောင့် နိုင်ငံတကာ၏ အာရုံစိုက်မှုကိုလည်း မြင့်တက်လာစေခဲ့ကြောင်း သိရသည်။  (Xinhua)
 ……………………
(English Version)
Beijing International Film Festival to open in mid-April
BEIJING, March 28 (Xinhua) — The 14th Beijing International Film Festival is scheduled for April 18 to 26, with Serbian director Emir Kusturica chairing the international jury for the Tiantan Award, organizers have said.
A total of 15 films will contend for this year’s Tiantan Award, selected from a record-breaking application pool of 1,509 films from 118 countries and regions, according to a press conference on Thursday afternoon.
Brazil was invited to be the guest of honor at this year’s event, as 2024 marks the 50th anniversary of the establishment of diplomatic relations between China and Brazil. A number of Brazilian filmmakers and representatives of film and TV companies will attend the festival, with a series of Brazilian movies set to be screened in Beijing.
During the festival, over 240 domestic and international films with diverse themes will be shown across more than 20 theaters in Beijing and its neighboring Tianjin Municipality and Hebei Province.
Launched in 2011, the festival aims to boost exchanges between global industry players. It has attracted increasing international attention thanks to China’s booming film market.