Connect with us

Media

သမ္မတ ရှီက Chang’e-6 မစ်ရှင် အောင်မြင်မှုအပေါ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

ပေကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လကမ္ဘာတစ်ဖက်စွန်းမှ ကမ္ဘာ့ပထမဆုံး နမူနာပစ္စည်းများ ယူဆောင်လာနိုင်ခဲ့သော Chang’e-6 မစ်ရှင် အောင်မြင်စွာပြီးစီးမှုအပေါ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ဇွန်၂၅ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင် (CMC) ကိုယ်စား၊ CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ CMC ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက Chang’e-6 မစ်ရှင်ဌာနချုပ်ထံ ဝမ်းမြောက်ကြောင်းနှင့် နှုတ်ခွန်းဆက်သဝဏ်လွှာများပေးပို့ခဲ့သလို ယင်းမစ်ရှင်တွင် ပါဝင်သူများအားလုံးထံလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။
Chang’e-6 အာကာသယာဉ်၏ နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း (returner) သည် လမျက်နှာပြင်ပေါ်မှ နမူနာပစ္စည်းများ သယ်ဆောင်လျက် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားဒေသ Siziwang Banner ရှိ သတ်မှတ်ထားသောဧရိယာအတွင်း ဇွန် ၂၅ ရက် နေ့လယ် ၂:၀၇ နာရီ၌ တိကျစွာဆင်းသက်ခဲ့သည်။
လူသားသမိုင်းတွင် ပထမဆုံးအဖြစ် Chang’e-6 မစ်ရှင်က လကမ္ဘာတစ်ဖက်စွန်းမှ နမူနာပစ္စည်းများကို စုဆောင်း၍ ကမ္ဘာမြေသို့ ပြန်လည်ယူဆောင်လာနိုင်ခဲ့ခြင်းဖြစ်ကာ အာကာသနှင့် သိပ္ပံနည်းပညာ နယ်ပယ်၌ ခိုင်မာအားကောင်းသော နိုင်ငံ တစ်နိုင်ငံအဖြစ် တည်ထောင်ရေးအတွက် တရုတ်နိုင်ငံ ကြိုးပမ်းအားထုတ်မှု၏ နောက်ထပ် အထင်ကရအောင်မြင်မှုအဖြစ် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Xi extends congratulations on complete success of Chang’e-6 mission
BEIJING, June 25 (Xinhua) — Chinese President Xi Jinping on Tuesday extended congratulations on the complete success of the Chang’e-6 mission, which brought back the world’s first samples collected from the moon’s far side.
On behalf of the Communist Party of China (CPC) Central Committee, the State Council and the Central Military Commission (CMC), Xi, also general secretary of the CPC Central Committee and chairman of the CMC, extended warm congratulations and sincere greetings to the Chang’e-6 mission headquarters and all those who participated in the mission in a congratulatory message.
The return capsule of the Chang’e-6 probe, carrying the moon samples, landed precisely in its designated area in Siziwang Banner, north China’s Inner Mongolia Autonomous Region, at 2:07 p.m. (Beijing Time) on Tuesday.
Xi noted that Chang’e-6, for the first time in human history, collected samples from the moon’s far side and returned to Earth, marking another landmark achievement in China’s endeavor to build a strong country in space as well as in science and technology.
Photo 1: Chinese Vice Premier Ding Xuexiang, also a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee, observes the landing and recovery of the Chang’e-6 returner at the Beijing Aerospace Control Center in Beijing, capital of China, June 25, 2024. (Xinhua/Zhai Jianlan)