Connect with us

Media

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံထံ အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားသူ ဝရမ်းပြေးကို လွှဲပြောင်း‌ပေးအပ်

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နှင့် အမေရိကန် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု၏ နောက်ထပ် ဆောင်ရွက်မှုအဖြစ် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က အမေရိကန်နိုင်ငံ အလိုရှိနေသော တရားခံပြေးတစ်ဦးကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်ရဲတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်၌ ပြောကြားခဲ့သည်။
ပြစ်မှုများစွာကျူးလွန်ထားကြောင်း သံသယရှိသူ တရားခံပြေးနှစ်ဦးကို ဇွန်လတွင် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ယခုလို တရားခံလွှဲပြောင်းမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြင့် အလိုရှိနေသော အဆိုပါ တရားခံပြေးကို ဇူလိုင် ၁၀ ရက်က ရှန်ဟိုင်းမြို့ရှိ ဖူတုံ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လွှဲပြောင်းပေးခဲ့သည်။ ၎င်းအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ သံတမန်ရေးရာ လုံခြုံရေးဌာနမှ အရာရှိများက အမေရိကန်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုတရားခံပြေးသည် ၂၀၁၄ ခုနှစ် မေလကတည်းက အမေရိကန်နိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနက အလိုရှိနေသူဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင်မူ နိုင်ငံတကာရဲတပ်ဖွဲ့က အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားသူလည်း ဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/U6x

…………………………….
(English Version)
China repatriates Red Notice fugitive to U.S.
BEIJING, July 11 (Xinhua) — Chinese police said on Thursday that they have repatriated a fugitive wanted by the United States, marking another collaboration between the law enforcement agencies of the two countries.
This development comes after the repatriation of two fugitives suspected of severe criminal offenses from the United States to China in June.
The fugitive, who was wanted for alleged sex aggression against children, was handed over on Wednesday at the Pudong International Airport in Shanghai. He was taken back to the United States by officers from the diplomatic security service under the U.S. Department of State, according to Chinese police.
The fugitive had been listed as wanted by U.S. law enforcement since May 2014, with an Interpol Red Notice issued against him in October 2018.