Connect with us

Media

မြန်မာနိုင်ငံတွင် ဝါဆိုလပြည့်နေ့အတွက် ဘုရားပန်းကပ်လှူရန် ပန်းဈေးတန်းတွင် ပန်းလာရောက်ဝယ်ယူကြသူများပြား

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကားကြီးဂိတ်အနီးက အမျိုးအစား စုံလင်လှသည့် ပန်းဈေးတန်းတွင် ဝါဆိုလပြည့်နေ့မတိုင်မီ ပန်းလာရောက်ဝယ်ယူကြသူများကို ဇူလိုင် ၁၉ ရက်က ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ အခါကြီးရက်ကြီးမတိုင်မီ ရက်များအတွင်း ပန်းဈေးကွက်အရောင်းသွက်လေ့ရှိကြောင်း ပန်းရောင်းချသူအချို့ထံမှ သိရသည်။ အဆိုပါ ပန်းဈေးတန်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ပြင်ဦးလွင်မြို့တို့မှ နှင်းဆီပန်း၊ ဒေစီပန်း၊ ဂန္ဓမာပန်း၊ နေကြာပန်း၊ ပဲပန်း စသည့်ပန်းများ အဝင်များသလို ချစ်သူမြက်၊ ကျူးလစ်၊ နှင်းချယ်ရီ၊ ဆောင်းသဇင်၊ ကာနေရှင်း၊ ယူကလစ် စသည့် တရုတ်နိုင်ငံမှ အဓိက တင်သွင်းသည့်ပန်းများကိုလည်း ရောင်းချကြကြောင်း သိရသည်။ (Xinhua)