Connect with us

Media

မြန်မာနိုင်ငံ ပဲခူးမြို့တွင် ရေကြီးရေလျှံဖြစ်ပွား၊ ရထားလမ်းရေကျော်နေ၍ ရန်ကုန်-မော်လမြိုင်ခရီးသည်တင်ရထား မြို့အဝင်၌ရပ်ထားရ

ပဲခူး၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ပဲခူးမြစ်ရေတက်နေမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားနေကြောင်း၊ ခရီးသည် ၅၀၂ ဦးခန့် လိုက်ပါလာသော အမှတ်(၈၂) ရန်ကုန်-မော်လမြိုင်အစုန်ရထားမှာ ပဲခူးမြို့၊ ကလိကျေးရွာအနီး၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက် ညနေ ၆ နာရီအချိန်ခန့်က ရထားသံလမ်းရေကျော်နေသဖြင့် ဆက်လက်မောင်းနှင်မရသောကြောင့် ရပ်နားထားရကြောင်း သိရသည်။ ထို့ပြင် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်းဟောင်းနှင့် မီးရထားလမ်းများတွင် ရေကျော်လျက်ရှိပြီး ကားလမ်းမကြီးအား မြို့အဝင်တိုးဂိတ်မှစ၍ ယာဉ်ဖြတ်သန်းခွင့်အား ယာယီပိတ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.