Connect with us

Media

ထျန်းကျင်းကုန်းတွင်းဆိပ်က တရုတ်-ဥရောပ ကုန်တင်ရထားလမ်းကြောင်း စတင်

ထျန်းကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်း နိုင်ငံတကာကုန်းတွင်းဆိပ်မှ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ဦးတည်၍ ကုန်တင်ရထားတစ်စင်းက ဇူလိုင် ၁ ရက်က ထွက်ခွာသွားခဲ့ပြီး ကုန်းတွင်းဆိပ်၏ ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထားလမ်းကြောင်း စတင်လိုက်သည်။ ယင်းရထားက ကုန်စည်တန်ချိန် ၁,၁၂၉ တန် တင်ဆောင်ထားပြီး တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Erenhot ဆိပ်ကမ်းမှတစ်ဆင့် ၁၅ ရက်ခန့်အကြာတွင် မော်စကိုမြို့သို့ ရောက်ရှိနိုင်မည်ဟု သိရသည်။ (Xinhua)
……………………..
(English Version)
Tianjin land port launches China-Europe freight train route
A freight train bound for Moscow, Russia, departed from Tianjin International Land Port on Monday, marking the launch of the land port’s first China-Europe freight train route. The train, loaded with 1,129 tonnes of goods, is scheduled to reach Moscow in about 15 days via the port of Erenhot in north China’s Inner Mongolia Autonomous Region.
Xinhua News Agency correspondents reporting from Tianjin, China. (XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.