Connect with us

Media

ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ တာဝန်ယူပြီးနောက် ဒါကာမြို့၌ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိ

ဒါကာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုဟာမက်ယူနွတ် ဦးဆောင်သော ယာယီအစိုးရအဖွဲ့သစ်က ဩဂုတ် ၈ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် မြို့တော်ဒါကာ၌ နေထိုင်သူများသည် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ကာ ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် နိုင်ငံအတွင်း ဆန္ဒပြမှုများ ဖြစ်ပွားနေချိန်တွင် ပြီးခဲ့သည့် သီတင်းပတ် ဩဂုတ် ၅ ရက်တွင် ရာထူးမှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

ထို့နောက်တွင် သမ္မတ Mohammed Shahabuddin က ပါလီမန်အား တရားဝင် ဖျက်သိမ်းခဲ့ပြီး ယာယီအစိုးရအဖွဲ့တစ်ရပ် ဖွဲ့စည်းရေး လမ်းဖွင့်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
Life returns to normal in Dhaka as Bangladesh’s interim government takes office
Residents in Dhaka, the capital of Bangladesh, are returning to work and resuming normal life after the new interim government led by Muhammad Yunus was sworn in on August 8. Bangladesh Prime Minister Sheikh Hasina resigned on Monday last week amid protests in the South Asian country.
The following day, President Mohammed Shahabuddin dissolved parliament, paving the way for the formation of an interim government.
Xinhua News Agency correspondents reporting from Dhaka. (XHTV)