Connect with us

Media

တရုတ်ကုမ္ပဏီ BYD ၏ ပထမဆုံးကုန်တင်သင်္ဘော စပိန်တွင် ဆိုက်ကပ်

မက်ဒရစ်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်မော်တော်ကားထုတ်လုပ်ရေး BYD ၏ သင်္ဘောအုပ်စု၏ ပထမဆုံးသင်္ဘောသည် စပိန်နိုင်ငံ Santander ဆိပ်ကမ်းသို့ ဆိုက်ကပ်လာခဲ့ကြောင်း သိရသည်။
“BYD EXPLORER NO.1” သင်္ဘောသည် စပိန်ဈေးကွက်အတွက် ရည်ရွယ်ထားသော SEAL U DM-i မော်တော်ယာဉ်များ တင်ဆောင်လျက် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာခဲ့ခြင်းဖြစ်သည်။
SEAL U DM-i မော်ဒယ် မော်တော်ကားများသည် ဥရောပသို့ ဝင်ရောက်မည့် BYD ၏ ပထမဆုံး plug-in hybrid ကားဖြစ်ပြီး ယင်းအမှတ်တံဆိပ်ကို ကြေညာပြီးချိန်မှစ၍ အော်ဒါမှာယူမှုအများဆုံး ကားလည်းဖြစ်သည်ဟု BYD က ဆိုသည်။
“Santander ဆိပ်ကမ်းတွင် အဆိုပါသင်္ဘောဆိုက်ကပ်မှုက ကျွန်တော်တို့ကုမ္ပဏီအတွက် အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီး စက်ရုံမှ စပိန်နိုင်ငံအထိ ပထမဆုံး တိုက်ရိုက်ပို့ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်” ဟု စပိန်နိုင်ငံရှိ BYD ဌာနေမန်နေဂျာ Jordi Cuesta က ပြောခဲ့သည်။
ထိုသို့ သင်္ဘောဆိုက်ကပ်ခြင်းသည် ဆိပ်ကမ်းအတွက် “အရေးပါသောသတင်း” ဖြစ်ကြောင်း၊ ဆိပ်ကမ်း၏ ခိုင်မာအားကောင်းမှုများကို ပြသရန်အခွင့်အလမ်းလည်းဖြစ်သည်ဟု Santander ဆိပ်ကမ်းအာဏာပိုင် အကြီးအကဲ Cesar Diaz က ဆိုသည်။
BYD သည် စပိန်နိုင်ငံတွင် ၂၀၂၃ ခုနှစ်တွင် ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မော်တော်ကား အစီးရေ ၁,၄၇၃ စီး မှတ်ပုံတင်နိုင်ခဲ့ရာ ယမန်နှစ် အလားတူကာလက မော်တော်ယာဉ်အစီးရေ ၁၃၄ စီးသာ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………
(English Version)
Chinese company BYD’s first carrier vessel docks in Spain
MADRID, Aug. 16 (Xinhua) — The first vessel of Chinese automaker BYD’s shipping fleet has arrived in the Spanish port of Santander, the company announced on Friday.
“BYD EXPLORER NO.1” docked with SEAL U DM-i vehicles on board, destined for the Spanish market.
The SEAL U DM-i model is BYD’s first plug-in hybrid to break into Europe, and has generated the highest number of orders since the brand’s launch, BYD said.
Jordi Cuesta, country manager for BYD in Spain, said the arrival of the ship in Santander “marks an important step for our company, being the first time we make a direct transport from the factory to Spain.”
Meanwhile, President of the Port Authority of Santander Cesar Diaz highlighted that this is “magnificent news” for the port, giving it the opportunity to showcase its strengths.
BYD arrived in Spain in 2023. From January to July 2024, it reported 1,473 units registered, compared to 134 in the same period last year.