Connect with us

Media

“Black Myth: Wukong” ဂိမ်း ကမ္ဘာတစ်ဝန်း လူကြိုက်များလာ

ပေကျင်း၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ Game Science ကုမ္ပဏီမှ ဖန်တီးထုတ်လုပ်လိုက်သော “Black Myth: Wukong” ဂိမ်းကို ကမ္ဘာတစ်ဝန်း ဩဂုတ် ၂၀ ရက်တွင် ကြေညာလိုက်ပြီးမကြာမီတွင် ဂိမ်းချစ်သူများကြား ကျော်ကြားလာခဲ့သည်။
“’Black Myth: Wukong’ ဂိမ်းရဲ့ deluxe edition ကို သူတို့မကြေညာခင်ကတည်းက ကျွန်တော်က ကြိုတင်မှာယူခဲ့တာ။ မနေ့ညက ကျွန်တော်အလုပ်ပြီးပြီးချင်းပဲ ညသန်းခေါင်အထိ ကစားလိုက်တယ်” ဟု ဂိမ်းကစားသူ Li Han က ပြောသည်။
ဂိမ်းချစ်သူများက မျှော်လင့်စောင့်စားနေကြသော အဆိုပါဗီဒီယိုဂိမ်းကို တရုတ်ရှေးဒဏ္ဍာရီလာဇာတ်လမ်း “အနောက်ဘက်သို့ ခရီးသွားခြင်း” ကို စိတ်ကူးစိတ်သန်းရယူလျက် တီထွင်ဖန်တီး‌ထားခြင်းဖြစ်သည်။
ထိုဂိမ်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး AAA ဂိမ်းဖြစ်ပြီး ကော်ပီပေါင်း ၄.၅ သန်းကျော် ရောင်းချနိုင်ခဲ့ကာ Steam ၏ တစ်ဦးတည်းကစားသမား စံချိန်ကို ချိုးခဲ့သည်။
ဂိမ်းကစားသမားတစ်ဦးဖြစ်သူ Hu Kaibin က “ဒီဂိမ်းက တရုတ်ရဲ့ ပထမဆုံး AAA ဂိမ်းဖြစ်ပါတယ်။ လူငယ်တွေ တရုတ်ယဉ်ကျေးမှုကို ပိုပြီးစိတ်ဝင်စားစေတယ်” ဟု ဆိုသည်။
နောက်ထပ် ဂိမ်းကစားသမားဖြစ်သော Hou Qingzhe ကလည်း “ထူးခြားဂိမ်းပါပဲ။ အချိန်တွေ ငွေကြေးတွေ ဒီဂိမ်းတီထွင်ဖို့ ဘယ်လောက်တောင်အားထုတ်ထားလဲ စဉ်းစားနေတာ။ ‘Black Myth: Wukong’ က တကယ့် AAA ဂိမ်းအမျိုးအစားထဲတစ်ခုပဲ” ဟု ပြောခဲ့သည်။
ဂိမ်းကစားသူအချို့ကလည်း ရင်သပ်ရှုမောဖွယ် မြင်ကွင်းများနှင့် ကြွယ်ဝသော ဂိမ်းအတွေ့အကြုံများကြောင့် အံ့အားသင့်ခဲ့ရသည်ဟု ဆိုသည်။
“အထူးပြကွက်တွေက အထင်ကြီးလောက်စရာပဲ။ ဥပမာအနေနဲ့ ဝူခုန်း ပြုတ်ကျလာတဲ့အခါမှာ သူ့ဘေးနားက မြက်တွေပါပြားသွားတာ” ဟု ဂိမ်းချစ်သူ Ren Yunfei က ပြောခဲ့သည်။
Li Han ကလည်း “ကျွန်တော့်ကို ဖမ်းစားနိုင်ဆုံးကတော့ အသံစနစ်ပဲ၊ ပြီးတော့ ဒဏ္ဍာရီနဲ့ ယဉ်ကျေးမှုတွေ ပြည့်ပြည့်စုံစုံပါဝင်နေတာကလည်း ကျွန်တော့်ကို အံ့အားသင့်စေတယ်” ဟု ဆိုသည်။
၎င်းက ဆက်၍ “တရုတ် ဂန္ထဝင်စာပေ ‘အနောက်ဘက်သို့ ခရီးသွားခြင်း’ ကို အရည်အသွေးမြင့်မြင့် ဂိမ်းတစ်ခုအဖြစ် တွေ့ရတာကလည်း စိတ်လှုပ်ရှားဖွယ်ရာပါပဲ။ အရမ်းကြိုက်တယ်ဗျာ” ဟု ပြောခဲ့သည်။
နောက်ထပ် ဂိမ်းကစားသူတစ်ဦးဖြစ်သော Ren Yunfei က “ဒီဂိမ်းက တရုတ်ရိုးရာယဉ်ကျေးမှုတွေ ပါဝင်တဲ့ မူလတရုတ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ” ဟု ဆိုသည်။
“အနုပညာပုံစံတွေက တကယ့်တရုတ်ပတ်ဝန်းကျင်ပုံစံတွေကို စိတ်ကူးစိတ်သန်းယူပြီး အသေးစိတ်ကျကျဖန်တီးထားတာ။ ပြီးတော့ ဇာတ်လမ်းကလည်း တရုတ်ရိုးရာယဉ်ကျေးမှုကို တော်တော်အခြေခံယူထားတာပါ” ဟု ဂိမ်းကစားသူ Hou Qingzhe က ပြောသည်။
“Black Myth: Wukong” ဂိမ်းကိုကစားခဲ့သော Hu Kaibin ကလည်း “ဒီဂိမ်းထဲမှာ တရုတ်ယဉ်ကျေးမှုကို ပေါင်းစပ်ထည့်သွင်းခြင်းအားဖြင့် ဂိမ်းကစားသူတွေအနေနဲ့ ဒီယဉ်ကျေးမှုအကြောင်း ပိုပြီးသိနားလည်စေတယ်လေ။ ကမ္ဘာတစ်ဝန်းက လူတွေကိုလည်း တရုတ်ယဉ်ကျေးမှုအကြောင်း ပိုပြီးနားလည်ဖို့ ဒီဂိမ်းက အထောက်အကူပေးမယ်လို့ ထင်တယ်။ တရုတ်ဂိမ်းတွေ တရုတ်နိုင်ငံအပြင် ကမ္ဘာ့တခြားနေရာမှာလည်း ပိုပြီးသိကြဖို့မျှော်လင့်ပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။
Hou Qingzhe က “တရုတ်ဂိမ်းတီထွင်တဲ့သူတွေအနေနဲ့ ဒီလိုမျိုး AAA ဂိမ်းတွေ ပိုပြီးတီထွင်ထုတ်လုပ်ပြီး ပြည်ပအထိ ခြေဆန့်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်မျှော်လင့်ပါတယ်။
“Black Myth: Wukong” ဂိမ်းကို ကမ္ဘာတစ်ဝန်း ဂိမ်းချစ်သူများကြား သဘောကျနှစ်သက်လျက်ရှိသည်။
အဆိုပါဂိမ်း အွန်လိုင်းတွင် ကျော်ကြားလာရသည့်အကြောင်းရင်းမှာ တရုတ်ဂန္ထဝင်ဇာတ်လမ်းကို ယဉ်ကျေးမှုအမျိုးမျိုးရှိနေသူများကြား မျှဝေနားလည်နိုင်သည့်အရာတစ်ခုအဖြစ် ပြောင်းလဲဖန်တီးပေးလိုက်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ပညာရှင်တစ်ဦးက ဆိုသည်။
Communication University of China ၊ ဂိမ်းယဉ်ကျေးမှုလေ့လာလရေးပညာရှင် Wu Weihua က “တရုတ်ရိုးရာဇာတ်လမ်းတွေကို ပုံဖော်တဲ့အခါမှာ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို လေးစားဖို့ ကျွန်တော်တို့ အလေးထားပြောပါတယ်။ ‘Black Myth: Wukong’ က ဂန္ထဝင်ဇာတ်လမ်းကို ခေတ်သစ်ပုံစံအဖြစ် ပြောင်းလဲပုံဖော်ထားတယ်။ နောက်ခံစကားပြော၊ သရုပ်ဆောင်တွေက လူငယ်တွေကြားမှ နက်နက်ရှိုင်းရှိုင်း စွဲမြဲစေပြီး သူတို့ဆီက အသိအမှတ်ပြုတာတွေ၊ ကျေးဇူးတင်တာတွေလည်း ပြန်ကြားရတယ်” ဟု ပြောခဲ့သည်။ (Xinhua)

………………………………….
(English Version)
Why video game “Black Myth: Wukong” goes viral worldwide?
Developed by Game Science from China, “Black Myth: Wukong” was launched Tuesday worldwide and soon caused a sensation.
SOUNDBITE 1 (Chinese): LI HAN, Game player
“I pre-ordered the deluxe edition of ‘Black Myth: Wukong’ before it was released. As soon as I got off work yesterday, I started to play until midnight.”
The highly-anticipated video game was inspired by the ancient Chinese tale “Journey to the West.”
It is China’s first AAA game and has immediately broken Steam’s concurrent players’ record for a single-player title with more than 4.5 million copies sold.
SOUNDBITE 2 (Chinese): HU KAIBIN, Game player
“It’s China’s first AAA game. It makes young people more interested in Chinese culture.”
SOUNDBITE 3 (Chinese): HOU QINGZHE, Game player
“It’s phenomenal. Considering how much time, money, and effort it takes to develop the game, ‘Black Myth: Wukong’ is truly one of its kind among AAA games.”
While some are amazed by its breathtaking visuals and immersive gaming experience…
SOUNDBITE 4 (Chinese): REN YUNFEI, Game player
“The special effects are impressive. For example, when Wukong falls, even the grass around him gets flattened.”
SOUNDBITE 5 (Chinese): LI HAN, Game player
“What captivated me the most was the soundtrack.”

…others are stunned by its rich mythology and culture.