Connect with us

Media

တရုတ်-မြန်မာ ချစ်ကြည်ရေးနှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပ

ရန်ကုန်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

“နှလုံးသားမှ ပိုးလမ်းမ” နက်ရှိုင်းသော ပေါက်ဖော်ချစ်ကြည်ရေးနှီးနှောဖလှယ်ပွဲနှင့် မြန်မာနိုင်ငံရှိ စာသင်ကျောင်းများအတွက် အားကစားပစ္စည်းများ လှူဒါန်းမှုအခမ်းအနားကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ဩဂုတ် ၂ ရက်က ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၊ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFPD) ၊ မြန်မာ တရုတ် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးစင်တာတို့က ကြီးမှူးကျင်းပခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာကလေးများရန်ပုံငွေအဖွဲ့ရုံး၊ မြန်မာနိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊ တရုတ်နှင့် မြန်မာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အဖွဲ့အစည်းများစွာမှ လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုရမည်ဖြစ်ကြောင်း၊ တရုတ်ပုံစံခေတ်မီမှုက ကမ္ဘာကြီးနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်များ သယ်ဆောင်ပေးမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နိုင်ငံရေးရာသံမှူး Ms. Qiao Li က ထိုအခမ်းအနား၌ ပြောကြားခဲ့သည်။ အခမ်းအနားအတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းများ အပါအဝင် စာသင်ကျောင်း ၆ ကျောင်းထံ ဘောလုံး၊ ဘော်လီဘော စသည့် အားကစားပစ္စည်းများကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။ (Xinhua)