Connect with us

Media

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့မှ ဆီးရီးယားနိုင်ငံသား ၃၂,၀၀၀ နီးပါး နေရပ်ပြန်

အစ္စတန်ဘူလ်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

တူကီယဲနိုင်ငံ အကြီးဆုံးမြို့ အစ္စတန်ဘူလ်မှ ယခုနှစ် ၇ လတာအတွင်း ဆီးရီးယားရွှေ့ပြောင်းနေထိုင်သူ ၃၂,၀၀၀ နီးပါး ၎င်းတို့နေရပ်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးက ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။
အုပ်ချုပ်ရေးမှူး Davut Gul က သတင်းစာရှင်းလင်းပွဲ၌ အစ္စတန်ဘူလ်မြို့၏ ရွှေ့ပြောင်းနေထိုင်မှုများအား ကိုင်တွယ်ဆောင်ရွက်ရေး ဆက်လက်ကြိုးပမ်းမှုများအား အလေးထားပြောကြားကာ အစ္စတန်ဘူလ်မြို့တွင် နိုင်ငံခြားသား ၁.၀၇ သန်း ရှိနေကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ (Xinhua)
………………………….
(English Version)
Nearly 32,000 Syrians return from Istanbul
Nearly 32,000 Syrian migrants have returned from Istanbul, Türkiye’s largest city, during the first seven months of the year, the governor of Istanbul said on Thursday.
In a press briefing, Davut Gul, the governor, highlighted the city’s ongoing efforts to manage migration, noting that Istanbul is home to a total of 1.07 million foreigners.
Xinhua News Agency correspondents reporting from Istanbul, Türkiye. (XHTV)