Connect with us

Media

တရုတ်နိုင်ငံ ဟဲပေပြည်နယ်က ကျေးလက်ဒေသများတွင် လျှပ်စစ်ယာဉ်အားသွင်းတိုင် တည်ဆောက်မှုများ အရှိန်မြှင့်

ဝူဟန့်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၌ စွမ်းအင်သစ်သုံးမော်တော်ယာဉ်များ(NEVs) အရေအတွက် အလျင်အမြန် တိုးပွားလာခြင်းကြောင့် မြို့ပြနှင့် ကျေးလက်ဒေသများတွင် အားသွင်းတိုင် လိုအပ်ချက်များက သိသိသာသာ မြင့်တက်လာခဲ့သည်။
တရုတ်နိုင်ငံအလယ်ပိုင်း ဟဲပေပြည်နယ်၌ ဒေသန္တရတာဝန်ရှိသူများက ကျေးရွာ ၇,၀၀၀ ကျော်တွင် NEV အားသွင်းတိုင်များ တပ်ဆင်ခဲ့ကြသည်။
Ezhou မြို့ Zitan ကျေးရွာ၌ အသစ်တည်ဆောက်ထားသော ၆၀ ကီလိုဝပ်အားသွင်းတိုင်က စွမ်းအင်သစ်သုံး မော်တော်ယာဉ်တစ်စီးအား တစ်နာရီအတွင်း ၈၀ ရာခိုင်နှုန်းကျော်အထိ အားသွင်းနိုင်သည့် အားသွင်းကိရိယာနှစ်ခု တပ်ဆင်ထားကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
China’s Hubei ramps up building of NEV charging piles in rural areas
As the number of new energy vehicles (NEVs) rapidly increases in China, there is a significant surge in demand for charging piles in both urban and rural areas.
In central China’s Hubei Province, local authorities have installed NEV charging piles in more than 7,000 villages.
A newly-built 60-kilowatt charging pile in Zitan Village of Ezhou City is equipped with two charging guns that can power up an NEV to over 80 percent charge within an hour.
Xinhua News Agency correspondents reporting from Wuhan, China. (XHTV)