Connect with us

Media

တရုတ်နိုင်ငံက ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းရန် အလားအလာကြီးကြီးမားမားရှိ

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အနောက်ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့၏ ကိုယ်ပိုင်ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းရန် အလားအလာကြီးကြီးမားမားရှိကြောင်း ဥရောပသမဂ္ဂဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ်ဟောင်းက ယခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ၌ ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအတွက် အလားအလာကြီးကြီးမားမား ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ တရုတ်နိုင်ငံက ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ စီးပွားရေးတစ်ခုလုံးက ထူးထူးခြားခြား တိုးတက်ဖြစ်ထွန်းမှု ရှိခဲ့ပြီးတော့ ဘယ်လို စက်မှုကဏ္ဍမျိုးမှာမဆို ကုန်ထုတ်လုပ်မှုနဲ့ ထုတ်လုပ်မှုစွမ်းရည်က သိသိသာသာကို တိုးတက်ဖြစ်ထွန်းမှု ကြီးကြီးမားမား ရှိခဲ့ပါတယ်။ ဝန်ဆောင်မှုမှာလည်း တရုတ်နိုင်ငံက သူတို့ရဲ့ ကိုယ်ပိုင် ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးတက်ဖို့ အလားအလာကြီးမားပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုပြီးတော့ တရုတ်နိုင်ငံထဲက သူတို့ရဲ့ အခြေစိုက်ကုမ္ပဏီတွေ တိုးတက်စေလိုတဲ့ တရုတ်စားသုံးသူတွေအတွက် ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးတက်စေလိုတဲ့ အနောက်ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လုပ်ဆောင်စေလိုပါတယ်” ဟု ဥရောပသမဂ္ဂဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ်ဟောင်း MARK IVAN ROGERS က ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
Huge potential for China to grow services industries: UK’s former representative to EU
There is huge potential for China to grow its own services industries in cooperation with companies from across the western world, the UK’s former representative to the EU has said at this year’s CIFTIS.
SOUNDBITE (English): MARK IVAN ROGERS, UK’s former permanent representative to the EU
“I think there are huge opportunities for China. China had an exceptional few decades of growth across the entire economy and obviously (there’s) been an enormous growth in manufacturing and manufacturing capability across any number of industrial sectors. In services, there is huge potential for China to grow its own services industries, but also do so in cooperation with companies from across the Western world who want to invest in China, want to improve their base inside China and improve services for Chinese consumers.”
Xinhua News Agency correspondents reporting from Beijing. (XHTV)