Connect with us

Media

အာရှတိုက်၏ အရှည်လျားဆုံးလိုဏ်ဂူဆီသို့ တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံများမှ သိပ္ပံပညာရှင်များက စူးစမ်းလေ့လာရေးခရီးအသစ် စတင်မည်

ကွေ့ရန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံနှင့် အခြားနိုင်ငံများမှ သိပ္ပံပညာရှင်များက အာရှတိုက်၏ အရှည်လျားဆုံးလိုဏ်ဂူအဖြစ် လူသိများသော တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ စွမ်းဟယ်လိုဏ်ဂူ၌ စက်တင်ဘာ ၂၀ ရက်က စုဝေးခဲ့ကာ အဆိုပါလိုဏ်ဂူဆီသို့ ၂၃ ကြိမ်မြောက် နိုင်ငံတကာ သိပ္ပံပညာရပ်ဆိုင်ရာ ပူးတွဲစူးစမ်းလေ့လာရေးခရီး စတင်မည့် အခမ်းအနားအား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စူးစမ်းလေ့လာရေးခရီးအား အောက်တိုဘာ ၇ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားကာ ခရီးစဉ်အတွင်း ရှာဖွေတွေ့ရှိခဲ့သည့် ရလဒ်များကို အောက်တိုဘာ ၂၄ ရက်၌ ထုတ်ပြန်မည်ဖြစ်သည်။
ပြီးခဲ့သည့် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးခရီးများတွင် ဧရာမပန်ဒါဝက်ဝံ ကျောက်ဖြစ်ရုပ်ကြွင်း ၄၄ ခုအား တွေ့ရှိခဲ့ကာ သက်တမ်းအကြာဆုံး ရုပ်ကြွင်းနမူနာမှာ လွန်ခဲ့သော နှစ် ၁၀၀,၀၀၀ ခန့်ကဖြစ်ပြီး သက်တမ်းအနုဆုံး ရုပ်ကြွင်းမှာ နှစ်ရာနှင့်ချီရှိကြောင်း သိရသည်။
ကွေ့ကျိုးပြည်နယ်သည် တစ်ချိန်က ဧရာမပန်ဒါဝက်ဝံကြီးများ နေထိုင်ကျက်စားသည့်နေရာ ဖြစ်ခဲ့သည်ကို ထိုရုပ်ကြွင်းများက သက်သေပြလျက်ရှိကာ ယနေ့ခေတ်တွင်မူ ပန်ဒါဝက်ဝံကြီးများသည် စီချွမ်းပြည်နယ်၊ ဆန်ရှီးပြည်နယ်နှင့် ကန်းစုပြည်နယ်တို့တွင် ရှင်သန်ကျက်စားလျက်ရှိကြောင်း သိရသည်။
ကွေ့ကျိုးပြည်နယ် လိုဏ်ဂူအဖွဲ့အစည်း၏ ဒုတိယအထွေထွေအတွင်းရေးမှူး ကျိုးဝန်လုံက လာမည့် လိုဏ်ဂူစူးစမ်းလေ့လာရေးခရီး၌ ထိုလိုဏ်ဂူ၏ အရင်းအမြစ်များ၊ ဖွဲ့စည်းပုံနှင့် ဆင့်ကဲပြောင်းလဲမှုများကို ထပ်မံလေ့လာသွားမည်ဟု ပြောကြားခဲ့သည်။
အဆိုပါ လိုဏ်ဂူကွန်ရက်၌ ချိတ်ဆက်နေသော လိုဏ်ဂူပေါက် ၁၀၇ ခုရှိကာ အရှည် ၄၀၉.၉ ကီလိုမီတာရှိသည့်အတွက် အာရှဒေသ၌ အရှည်ဆုံးလိုဏ်ဂူအဖြစ် လူသိများသကဲ့သို့ ကမ္ဘာပေါ်တွင် တတိယမြောက် အရှည်ဆုံးဖြစ်သည်ဟု ၂၀၂၃ ခုနှစ် ပူးတွဲစူးစမ်းလေ့လာရေးခရီးစဉ်၌ တွေ့ရှိခဲ့သည့် ရလဒ်များအရ သိရသည်။ ထိုလိုဏ်ဂူသည် ကမ္ဘာ့အရှည်ဆုံး ဒိုလိုမိုက်ကျောက်သားလိုဏ်ဂူလည်းဖြစ်သည်။
တရုတ်နိုင်ငံ၌ လိုဏ်ဂူစူးစမ်းလေ့လာသည့် အတွေ့အကြုံ နှစ် ၃၀ ကျော်ရှိသည့် ပြင်သစ်နိုင်ငံသား လိုဏ်ဂူလေ့လာရေးသမား ယွန်ဘိုတက်ဇီက လာမည့် လိုဏ်ဂူသုတေသန လုပ်ဆောင်မှုတွင် အကြီးအကဲအဖြစ် တာဝန်ယူမည်ဖြစ်သည်။ ၎င်းက စွမ်းဟယ်လိုဏ်ဂူသည် ၎င်း၏ဒုတိယအိမ်ဖြစ်သည်ဟု ဆိုသည်။
၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှစ၍ အဆိုပါ လိုဏ်ဂူ၌ တရုတ်နိုင်ငံနှင့် ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၏ ‌ရှာဖွေတွေ့ရှိမှုများက ထိုလိုဏ်ဂူ၏အရှည်နှင့် ပတ်သက်သည့် အချက်အလက်သစ်များကို အကြိမ်ကြိမ်တွေ့ရှိစေခဲ့ကာ လိုဏ်ဂူအတွင်းမှ ကျောက်ဖြစ်ရုပ်ကြွင်းနှင့် သက်ရှိသတ္တဝါများစွာတို့ကိုလည်း တူးဖော်ရရှိခဲ့ပြီး ထူးကဲစုံလင်၍ အရေးပါသော သိပ္ပံနည်းကျ သုတေသန အချက်အလက်များကိုလည်း ရရှိခဲ့ကြောင်း သိရသည်။
ယခုနှစ်၏ သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးခရီးအတွင်း အဆိုပါလိုဏ်ဂူဧရိယာ တည်ရှိသည့် ဆွေ့ရန်ခရိုင်၌ လိုဏ်ဂူဘူမိဥယျာဉ်အား ပိုမိုလူသိများလာစေရန်အတွက် ဘူမိသိပ္ပံဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲနှင့် ဗီဒီယိုအတိုရိုက်ကူးသည့်ပြိုင်ပွဲ စသည့် အစီအစဉ်များကို ပြုလုပ်သွားမည်ဟု သိရသည်။ (Xinhua)
…………………………..
(English Version)
Chinese, foreign scientists to start new expedition into Asia’s longest cave
GUIYANG, Sept. 22 (Xinhua) — Scientists from China, France, Portugal, Belgium and other countries gathered on Friday at the Shuanghe Cave, Asia’s longest known cave, in southwest China’s Guizhou Province for a launch ceremony of the 23rd joint international scientific expedition into the cave.
The expedition is scheduled for Oct. 7 to 24, and the results of their findings will be made available on Oct. 24.
Previous scientific expeditions found 44 individual giant panda fossils, with the oldest specimen dating back 100,000 years and the most recent dating back a few hundred years.
The fossils prove that Guizhou was once a habitat for giant pandas, which are today known to survive in the provinces of Sichuan, Shaanxi and Gansu.
Zhou Wenlong, deputy secretary general of the Guizhou Cave Association, said the upcoming cave expedition will further study the cave’s resources, formation and evolution.
According to the results of the 2023 joint expedition, th
e cave network has 107 connected openings and boasts a length of 409.9 kilometers, making it the longest known cave in Asia and the third-longest in the world. It is also the world’s longest dolomite cave.
French caver Jean Bottazzi, who has more than three decades of cave exploration experience in China, is acting as chief of the upcoming cave research. He calls Shuanghe Cave his second home.
He said that since the late 1980s, the discoveries of Chinese and foreign experts in the cave have led to repeated updates of the cave’s length, and many cave fossils and living organisms have been unearthed, providing rich, valuable scientific research materials.
During this year’s scientific expedition, Suiyang County, which administers the cave area, will hold activities such as a geological science photography contest and a short video contest to promote the cave geopark. Enditem