Connect with us

Media

ယူနန်ပြည်နယ် ချူရှုန်ဒေသ ယီလူမျိုးများ၏ ပန်းထိုးအဝတ်အထည်များ ပဲရစ် ဖက်ရှင်ရက်သတ္တပတ်တွင် ပြသ

ယူနန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရဲ့ ချူရှုန်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဝတ်စုံ ၃၅ စုံကို ပဲရစ် ဖက်ရှင်ရက်သတ္တပတ်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ပြသခဲ့ရာ အလွန်တရာ ဆွဲဆောင်မှုရှိလှတဲ့ အရှေ့တိုင်းအနုရသအလှအပကို ဖော်ပြနိုင်ခဲ့ပါတယ်။
ချူရှုန် ယီလူမျိုး ပန်းထိုးလက်ရာမှာ အမွေဆက်ခံမှုနဲ့ ဆန်းသစ်တီထွင်မှု၊ ရိုးရာအစဉ်အလာနဲ့ ခေတ်မီမှု၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နဲ့ ဖက်ရှင်ကျမှု၊ နည်းပညာနဲ့ အနုပညာတို့ကို ပေါင်းစပ်ထားတဲ့ ဟန်ပန်ဖြစ်ပါတယ်။
ချူရှုန် ယီလူမျိုးဝတ်စုံတွေဟာ နှစ်ပေါင်း ၁,၇၀၀ ကျော် သမိုင်းရှိတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ပါတယ်။ မကြာသေးမီနှစ်များအတွင်း ချူရှုန် ယီလူမျိုး ပန်းထိုးလက်ရာတွေဟာ ကျေးလက်ဒေသမှ ကမ္ဘာ့စင်မြင့်ကို လျှောက်လှမ်းနိုင်ခဲ့ရာ ပေကျင်းဖက်ရှင် ရက်သတ္တပတ်၊ ရှန်ဟိုင်းဖက်ရှင် ရက်သတ္တပတ်၊ နယူးယောက်ဖက်ရှင် ရက်သတ္တပတ်နဲ့ မီလန်ဖက်ရှင် ရက်သတ္တပတ် စတဲ့ နိုင်ငံတကာစင်မြင့်တွေအထိ ရောက်ရှိလာခဲ့ပါတယ်။ ယူနန်ယဉ်ကျေးမှု နာမည်ကတ်သစ်နဲ့ တရုတ်တိုင်းရင်းသားဝတ်စုံတွေရဲ့ ဆန်းသစ်တဲ့ ကိုယ်စားပြုမှု ဖြစ်လာပါတယ်။ (Xinhua)

……………………………………..
(Chinese Version)
云南楚雄彝绣服饰在巴黎时装周亮相
2024年9月26日,来自中国云南楚雄的35套楚雄非物质遗产服饰在巴黎时装周亮相,呈现一场极具魅力的东方美学服装秀。楚雄彝绣呈现传承与创新,传统与现代,非遗和时尚,技术和艺术 相融合的靓丽风采。
楚雄彝族服饰是国家级非物质文化遗产,有着1700多年的历史。近年来,楚雄彝绣从乡村走到世界舞台,相继登上北京时装周、上海时装周,纽约时装周、米兰时装周等国际大舞台,逐渐成为云南文化新名片和中国民族服装服饰的独特代表。