Connect with us

Media

ရိုးရာ အုတ်ကြွပ် မြေထည် ကြောင်ရုပ်လေးများက ဖက်ရှင်အလှတန်ဆာ ဖြစ်လာ

ယူနန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကြောင်ပုံသဏ္ဌာန် ရွှံ့စေးပန်းပုလက်ရာများကို အုတ်ကြွပ် မြေထည် ကြောင်ရုပ်လေးများဟု လူသိများကြသည်။ အဆိုပါ ကြောင်ရုပ်လေးများကို လူများက မင်္ဂလာရှိသော ဒဏ္ဍာရီလာသတ္တဝါလေး ဟူ၍လည်း ယူဆကြပါသည်။ ယနေ့အခါတွင် လက်မှုပညာရှင်များက အုတ်ကြွပ် မြေထည် ကြောင်ရုပ်လေးများကို အိမ်ခေါင်မိုးအလှတန်ဆာဆင်မှုများမှ နေ့စဉ် ဖက်ရှင်အလှတန်ဆာဆင်မှုများအဖြစ် ပြောင်းလဲရန် ကြိုးစားလျက်ရှိသည်။
အုတ်ကြွပ် မြေထည် ကြောင်ရုပ်လေးများက ယူနန်ပြည်နယ်၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအနက် “ကိုယ်စောင့်နတ်” တစ်မျိုး ဖြစ်ပါသည်။ ၎င်းကို မူလက အိမ်ခေါင်မိုးပေါ်မှာ ပါးစပ်ကို ကောင်းကင်သို့ အနည်းငယ်မျက်နှာမူပြီးထားလေ့ရှိကြသည်။ ယင်းမှာ ကောင်းကင်ပေါ်က ရောင်စုံတိမ်များကို စား၍ ရွှေအဖြစ်သို့ ပြောင်းကာ ခြံထဲသို့ ချပေးကြောင်း၊ နေအိမ်ပိုင်ရှင်ကို ချမ်းသာကြွယ်ဝစေကြောင်း၊ ညဘက်တွင်မူ ကျားလေးအဖြစ်သို့ ပြောင်းလဲပြီး အိမ်ပိုင်ရှင်တစ်မိသားစုလုံးကို ဘေးကင်းအောင် စောင့်ရှောက်ကာကွယ်ပေးကြောင်း စသည့် အတိတ်နိမိတ်ကိုဖော်ဆောင်ခြင်း ဖြစ်ပါသည်။
အဆိုပါ ရိုးရာယဉ်ကျေးမှုသင်္ကေတက ယခု အသစ်တစ်ဖန် ပြန်လည်ရှင်သန်လာရာ မြေထည်လက်မှုပညာရှင်အများအပြားက အုတ်ကြွပ် မြေထည် ကြောင်ရုပ်လေးများကို ထပ်မံမွမ်းမံဆန်းသစ်ဖန်တီးလာကြရာ ဖက်ရှင်၏ အလှတန်ဆာဖြစ်လာပါသည်။ (Xinhua)
……………………………………..
(English Version)
传统瓦猫成为时尚装饰品
在中国云南省,猫形泥塑被称为瓦猫,被人们认为是吉祥的神兽。如今,工匠们正试图将瓦猫从屋顶装饰品转变为日常装饰品。瓦猫是云南非遗文化中的一个“守护神”,原本一般安置在屋顶,嘴微微朝天,象征吃云彩变成金子掉在院子里,送给主人财富,夜晚就变成小老虎,守护主人一家的平安。
现在,这个传统文化符号焕发生机,许多陶艺人对瓦猫进行改良和创新,成为时尚的装饰品。
陶艺师王子强说,我们对美好生活的向往都可以放在瓦猫身上,让它们笑容常开,多姿多彩。
时尚可爱的瓦猫,你想不想要?