Connect with us

Media

တရုတ်လပေါ်ဆင်းသက်သည့်ဝတ်စုံ အပြင်ပန်းပုံစံကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ

ချုံချင့်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

“တတိယအကြိမ် အာကာသဝတ်စုံနှင့် နည်းပညာဖိုရမ်”ကို စက်တင်ဘာ ၂၈ ရက်က တရုတ်နိုင်ငံ ချုံချင့်မြို့၌ ကျင်းပခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ လူလိုက်ပါ အာကာသ အေဂျင်စီ (CMSA) သည် လပေါ်ဆင်းသက်သည့်ဝတ်စုံအား အများပြည်သူ နာမည်ပေးရေးအစီအစဉ်ကို ကြေညာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်လပေါ်ဆင်းသက်သည့်ဝတ်စုံ အပြင်ပန်းပုံစံကို အများသိအောင် ထုတ်ဖော်ပြသခဲ့ပါသည်။
ယခုအခါ တရုတ်နိုင်ငံ၏ လူလိုက်ပါသော လကမ္ဘာစူးစမ်းလေ့လာရေး စီမံကိန်း၏ လပေါ်ဆင်းသက်ရေးအဆင့် မစ်ရှင်များ အပြည့်အဝ စတင် အကောင်အထည်ဖော်ပြီး ဖြစ်ရာ ၂၀၃၀ ပြည့်နှစ် မတိုင်မီ တရုတ်လူမျိုးများ လကမ္ဘာပေါ်သို့ ပထမဆုံးအကြိမ် ဆင်းသက်နိုင်ရန် ရည်ရွယ်ထားပါသည်။ (Xinhua)
————————
中国登月服外观首次公开亮相
“第三届航天服技术论坛”9月28日在重庆召开。开幕式上,中国载人航天工程办公室面向社会发布登月服征名活动,并首次公开中国登月服外观。
目前,中国载人月球探测工程登月阶段任务已全面启动实施,计划在2030年前实现中国人首次登陆月球。