Connect with us

Media

World Aquatics က ၂၀၂၆ ခုနှစ် အလှပြရေကူး ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့်မြို့များကြေညာ

ဘူဒါပက်စ်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့ရေပေါ်ရေအောက်အားကစားအဖွဲ့ချုပ် (World Aquatics) သည် ၂၀၂၆ ခုနှစ် အလှပြရေကူး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တိုက်ကြီးလေးခုရှိ မြို့ကြီးငါးမြို့ကို အောက်တိုဘာ ၁၆ ရက်က ကြေညာခဲ့ပြီး စူပါဖိုင်နယ်ပြိုင်ပွဲကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့၌ ကျင်းပရန် စီစဉ်ထားသည်။
၁၀ ကြိမ်မြောက် ရာသီကို ရောက်ရှိလာချိန်တွင် ကိုလံဘီယာနိုင်ငံ မက်ဒယ်လင်မြို့မှ စတင်၍ ဖေဖော်ဝါရီလ၌ စတင်ကျင်းပမည့် အလှပြရေကူး ကမ္ဘာ့ဖလားပြိုင်ပွဲသည် နေရာငါးခုတွင် လက်ရွေးစင် အလှပြရေကူးသမားများကို တစ်စုတစ်ဝေးတည်း ယှဉ်ပြိုင်စေမည်ဖြစ်ရာ ထိုပြိုင်ပွဲကို ကိုလံဘီယာမြို့၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် အလှပြရေကူး ကမ္ဘာ့ဖလားကို ကိုလံဘီယာနိုင်ငံ မက်ဒယ်လင်မြို့၌ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ မတ် ၂၇ ရက်မှ၂၉ ရက်အထိ၊ တရုတ်နိုင်ငံ ရှီးအန်းမြို့ မေ ၁ ရက်မှ ၃ ရက်အထိ၊ စပိန်နိုင်ငံ Pontevedra မြို့၌ မေ ၂၉ ရက်မှ ၃၁ ရက်အထိ၊ ကနေဒါနိုင်ငံ တိုရွန်တိုမြို့၌ (စူပါဖိုင်နယ်) ဇွန် ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ် စူပါဖိုင်နယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် တရုတ်နိုင်ငံ ရှီးအန်းမြို့သည် တရုတ်နိုင်ငံ၏ (၁၁၁) ကြိမ်မြောက် World Aquatics ပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် စူပါဖိုင်နယ်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် ပန်အမေရိကအားကစားပွဲတော်အတွက် ကမ္ဘာ့အဆင့်မီ တည်ဆောက်ခဲ့သည့် တိုရွန်တိုမြို့ရှိ ပန်အမ်အားကစားစင်တာ၌ ကျင်းပပြီးစီးမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် အလှပြရေကူး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စုစုပေါင်း ဆုကြေးငွေမှာ အမေရိကန်ဒေါ်လာ ၅၇၀,၀၀၀ ဖြစ်ပြီး ပထမအဆင့်လေးပွဲစီ၌ ဒေါ်လာ ၇၂,၅၀၀ နှင့် စူပါဖိုင်နယ်အတွက် ဒေါ်လာ ၂၈၀,၀၀၀ ခွဲဝေထားကြောင်း သိရသည်။ (Xinhua)
……………..
(English Version)
World Aquatics announces host cities for 2026 Artistic Swimming World Cup
BUDAPEST, Oct. 16 (Xinhua) — World Aquatics on Thursday announced the five host cities across four continents for the 2026 Artistic Swimming World Cup, with the Super Final scheduled to take place in Toronto, Canada.
Entering its 10th season, the World Cup will bring together elite artistic swimmers competing at five venues as the tour will start in Medellin, Colombia, in February, marking the first time the event will be held in the Colombian city.
The 2026 Artistic Swimming World Cup is scheduled as follows: Medellin, Colombia, February 13-15; Paris, France, March 27-29; Xi’an, China, May 1-3; Pontevedra, Spain, May 29-31; and Toronto, Canada (Super Final), June 19-21.
Xi’an, China, which hosted Super Final 2025, will stage China’s 111th World Aquatics event, and the Super Final 2026 will conclude in Toronto at the Pan Am Sports Centre, a world-class facility built for the 2015 Pan American Games.
The total prize money for the 2026 World Cup is 570,000 US dollars, with 72,500 dollars awarded at each of the first four stops and 280,000 dollars allocated for the Super Final. ■