Media
Long March ဒုံးပျံ၏ အကြိမ် ၆၀၀ မြောက် ပျံသန်းမှုအဖြစ် တရုတ်နိုင်ငံက အာကာသမစ်ရှင်လွှတ်တင်
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ Long March ဒုံးပျံစီးရီးသည် အင်တာနက်ဂြိုဟ်တုများကို ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဖြန့်ကြက်ပို့ဆောင်နိုင်ခဲ့ခြင်းဖြင့် ၎င်း၏အကြိမ် ၆၀၀ မြောက် အာကာသသို့လွှတ်တင်မှုကို အောက်တိုဘာ ၁၇ ရက်တွင် အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ကျောရိုးပင်မဂြိုဟ်တုလွှတ်တင်ရေးယာဥ်များအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် Long March ဒုံးပျံများသည် လက်ရှိအချိန်အထိ အာကာသယာဥ်ပေါင်း ၁,၄၀၀ နီးပါးကို ဂြိုဟ်ပတ်လမ်းများအတွင်း ပို့ဆောင်ပေးခဲ့ပြီး နိုင်ငံ၏ အာကာသလွှတ်တင်မှု မစ်ရှင် ၈၆ ရာခိုင်နှုန်းကျော်ကို လုပ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ အဓိက အာကာသဆိုင်ရာ အထောက်အပံ့ ပေးနေသည့် တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း အဆိုအရ သိရသည်
အဆိုပါဒုံးပျံများသည် တရုတ်နိုင်ငံ၏လူလိုက်ပါသည့် အာကာသပျံသန်းမှုများ၊ BeiDou တည်နေရာပြခြင်းနှင့် အာကာသအတွင်းပိုင်း စူးစမ်းရှာဖွေရေးကဲ့သို့ အဓိက အာကာသစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခိုင်မာသည့် ထောက်ပံ့မှုများ ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ၎င်းက ပြောကြားခဲ့သည်။
Long March-1 ဒုံးပျံ၏ ပထမဆုံး ပျံသန်းချိန်ကတည်းက မူကွဲဒုံးပျံ ၂၄ မျိုး ထုတ်လုပ်ခဲ့ရာတွင် ၁၁ မျိုးကို မျိုးဆက်သစ် လွှတ်တင်ရေးယာဥ်များအဖြစ် အမျိုးအစားခွဲခြားသတ်မှတ်ခဲ့သည်။ မကြာသေးမီက မစ်ရှင် ၁၀၀ တွင် မျိုးဆက်သစ်ဒုံးပျံများ ၄၀ ရာခိုင်နှုန်းရှိပြီး နိုင်ငံ၏ပစ်လွှတ်မှုအကြိမ်ရေများပြားလာခြင်းကို ထောက်ပံ့ပေးသည့် အဓိကအင်အားအဖြစ် ထွက်ပေါ်ခဲ့သည်။
Long March ဒုံးပျံများသည် စျေးကွက်တောင်းဆိုမှုကို တက်ကြွစွာလိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်လျက်ရှိပြီး စီးပွားဖြစ်လွှတ်တင်မှုစျေးကွက်ဝေစုကလည်း တဖြည်းဖြည်းမြင့်တက်လာနေကြောင်း ကုမ္ပဏီက အလေးထား ဖော်ပြခဲ့သည်။ ဒုံးပျံများ၏သယ်ဆောင်ဝန်အနေဖြင့် ဆက်သွယ်ရေးလုပ်ငန်း၊ အဝေးထိန်းအာရုံခံစနစ်နှင့် တည်နေရာလမ်းကြောင်းပြစနစ်များ အပါအဝင် ကျယ်ပြန့်သောနယ်ပယ်ပေါင်းစုံမှ ပါဝင်ကြောင်းသိရသည်။
Long March-8A ဒုံးပျံကို အထူးသဖြင့် ကုန်ကျစရိတ်သက်သာမှုနှင့် လိုက်လျောညီထွေမှုမြင့်မားမှုတို့ကြောင့် လူသိများပြီး အင်တာနက်ဂြိုဟ်တုလွှတ်တင်ခြင်း မစ်ရှင်အများအပြားကို အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
China’s latest launch mission marks 600th flight of Long March rocket
BEIJING, Oct. 16 (Xinhua) — China’s Long March rocket series achieved its 600th space launch on Thursday, with a Long March-8A successfully deploying internet satellites into orbit.
Serving as China’s backbone launch vehicles, the Long March rockets have delivered nearly 1,400 spacecraft into orbits and conducted over 86 percent of the country’s space launch missions to date, according to the China Aerospace Science and Technology Corporation, China’s major space contractor.
“These rockets have provided solid support for the implementation of major aerospace projects, such as China’s manned spaceflights, BeiDou navigation and deep space exploration,” it said in a press release.
Among the 24 rocket variants developed since the maiden flight of the Long March-1 rocket, 11 are classified as new-generation launch vehicles. In the most recent 100 missions, new-generation rockets have accounted for 40 percent, emerging as an important force supporting the country’s high-density launches.
The company also noted that the Long March rocket series has been actively adapting to market demands, with the share of commercial launches steadily rising. Its payloads span multiple fields, including communications, remote sensing and navigation.
The Long March-8A rocket, in particular, is known for its cost-effectiveness and high adaptability, having successfully undertaken multiple satellite internet constellation deployment missions.