Media
မြန်မာနိုင်ငံ လယ်ဝေးမြို့နယ် ငှက်ပျောတောကျေးရွာအနိမ့်ပိုင်း၌ ပလွေးချောင်းရေလျှံ၍ အိမ်ခြေ ၅၀ ခန့် အရေးပေါ်ရွှေ့ပြောင်း
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ငှက်ပျောတောကျေးရွာ အနိမ့်ပိုင်း၌ အောက်တိုဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ပလွေးချောင်းမှ ရေများလျှံကာ ရွာထဲသို့ ရေဝင်ရောက်ခဲ့သည့်အတွက် အိမ်ခြေ ၅၀ ခန့် အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း လူမှုကရုဏာရှင် လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးပေါ်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)