Media
ဘန်လေနှင့် အဲဗာတန်နည်းပြဟောင်း ဒိုက်စ်ကို နည်းပြသစ်အဖြစ် နော်တင်ဟမ်ဖောရက်စ် ခန့်အပ်
လန်ဒန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ဘန်လေနှင့် အဲဗာတန်နည်းပြဟောင်းရှောင်ဒိုက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း နော်တင်ဟမ်ဖောရက်စ်က အတည်ပြု ကြေညာလိုက်သည်။ အသက် ၅၄ နှစ်အရွယ်ရှိ အင်္ဂလန်နိုင်ငံသားနည်းပြ ရှောင်ဒိုက်စ်သည် ၂၀၂၇ ခုနှစ် နွေရာသီကာလအထိစာချုပ်ပြီးနောက် ယခု ရာသီအတွင်း ဖောရက်စ်၏ တတိယမြောက်နည်းပြလည်း ဖြစ်လာခဲ့သည်။
အောက်တိုဘာ ၁၈ ရက်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ချဲလ်ဆီးကို ၀-၃ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး နောက် ၁၇ မိနစ်အကြာတွင် ပိုစတီကိုဂလူးထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ပြီး ၎င်း၏နေရာတွင် ရှောင်ဒိုက်စ်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ရာသီအစောပိုင်းက ၃ ပွဲသာတာဝန်ယူပြီးရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် နူနိုအက်စ်ပရီဆီတိုဆန်တို၏နေရာတွင် အစားဝင်လာခဲ့သော ပိုစတီကိုဂလူးမှာ ၎င်းတာဝန်ယူခဲ့သည့် ၈ ပွဲစလုံးနိုင်ပွဲမရခဲ့ဘဲ ၂ ပွဲသရေ၊ ၆ ပွဲရှုံးမှတ်တမ်းသာ ရရှိခဲ့သည်။
လက်ရှိတွင် ဖောရက်စ်မှာ ၈ ပွဲကစားပြီးနောက် ၁ ပွဲသာ အနိုင်ရခဲ့သလို ပရီးမီးယားလိဂ်ဇယားရပ်တည်မှု၌ အဆင့် ၁၈ သို့ ရောက်ရှိနေကာ ရာသီအစ တာထွက်ဆိုးရွားမှုနှင့် ကြုံတွေ့နေရသည်။
ရှောင်ဒိုက်စ်မှာ အောက်တိုဘာ ၂၃ ရက်တွင် ပေါ်တိုကိုအိမ်ကွင်း၌ လက်ခံကစားရမည့် ယူရိုပါလိဂ်ပွဲတွင် နော်တင်ဟမ်ဖောရက်စ်နည်းပြအဖြစ် ပထမဆုံးအကြိမ်စတင်တာဝန်ယူမည်ဖြစ်ပြီး ယင်းနောက်တွင် ဖောရက်စ်မှာ ဘုန်းမောက်စ်ကို ပရီးမီးယားလိဂ်အဝေးကွင်းပွဲကစားရမည်ဖြစ်သည်။
လေးစားဖွယ်ရာပရီးမီးယားလိဂ်အတွေ့အကြုံရှိနည်းပြတစ်ဦးဖြစ်သည့် ရှောင်ဒိုက်စ်သည် ပြီးပြည့်စုံသောစရိုက်လက္ခဏာ၊ နည်းဗျူပိုင်းဆိုင်ရာအမြင်ထက်မြက်မှု၊ သက်သေပြပြီသားဖြစ်သော အောင်မြင်မှုများကို ယူဆောင်လာကာ ကလပ်အသင်းကို နောက်တစ်ဆင့်သို့ လမ်းညွှန်ဦးဆောင်နိုင်မည် ဖြစ်ကြောင်း နော်တင်ဟမ်ဖောရက်စ်က ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ပြည်တွင်း၌နေထိုင်ခဲ့သည့် ဖောရက်စ်လူငယ်ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ရှောင်ဒိုက်စ်အနေဖြင့် ဖောရက်စ်နှင့်ကလပ်ပရိသတ်များ၏ ဂုဏ်သိက္ခာနှင့်တန်ဖိုးများကို နက်ရှိုင်းစွာ နားလည်ထားသူ ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ရှောင်ဒိုက်စ်ကိုခန့်အပ်လိုက်ခြင်းသည် ပြည်တွင်းနှင့်ဥရောပပြိုင်ပွဲ နှစ်ရပ်စလုံးတွင် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အောင်မြင်မှုရှိသည့်ရာသီအတွက် ကိုယ်စားပြုမှုဖြစ်လာမည်ဖြစ်ကြောင်းလည်း ဖောရက်စ် ၏ ကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။ (Xinhua)
………………….
(English Version)
Nottingham Forest appoints Dyche as new manager after Postecoglou’s short-lived reign
LONDON, Oct. 21 (Xinhua)
Nottingham Forest has confirmed the appointment of former Burnley and Everton boss Sean Dyche as the new manager. The 54-year-old Englishman has signed a contract running until the summer of 2027, becoming Forest’s third manager of the season.
Dyche replaces Ange Postecoglou, who was dismissed just 17 minutes after Saturday’s 3-0 defeat to Chelsea in the Premier League. Postecoglou failed to win any of his eight matches in charge, drawing two and losing six, after replacing Nuno Espirito Santo, who was sacked only three games into the campaign.
Forest currently sits 18th in the Premier League, with just one win from eight matches in what has been a turbulent start to the season.
Dyche’s first match in charge will come on Thursday in the Europa League at home to Porto, followed by a Premier League trip to Bournemouth on Sunday.
“A respected and experienced Premier League manager, Dyche brings the perfect blend of character, tactical acumen and proven achievement to guide the club through its next chapter,” read the club statement.
“As a former Forest youth player who lives locally, Dyche also has a deep understanding of the values and pride of Forest and its supporters.”
“His appointment represents the best opportunity for a successful and competitive season across both domestic and European competitions,” the statement added. ■