Connect with us

Media

ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုသစ် တရုတ်နိုင်ငံ လွှတ်တင်

ဝန်ချန်း၊ ဟိုင်နန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်းအာကာသလွှတ်တင်ရေးစခန်းမှ အာကာသထဲသို့ အောက်တိုဘာ ၂၃ ရက်၌ လွှတ်တင်ခဲ့သည်။
ည ၁၀:၃၀ နာရီ (ပေကျင်းစံတော်ချိန်) တွင် Long March-5 ဒုံးပျံဖြင့် လွှတ်တင်ခဲ့သည့် အဆိုပါဂြိုဟ်တုသည် စီစဉ်ထားသည့်ဂြိုဟ်ပတ်လမ်းထဲသို့ အောင်မြင်စွာဝင်ရောက်ခဲ့သည်။

ရေဒီယိုလှိုင်းခွင် အမျိုးမျိုးကို ဖမ်းယူနိုင်သည့် မြန်နှုန်းမြင့် ဆက်သွယ်ရေးနည်းပညာ စမ်းသပ်အတည်ပြုမှုများ လုပ်ဆောင်ရန် ၎င်းဂြိုဟ်တုအား အဓိကအသုံးပြုမည်ဖြစ်ကာ ယင်းဂြိုဟ်တုလွှတ်တင်မှုမှာ Long March သယ်ဆောင်ရေးဒုံးပျံ စီးရီး၏ ၆၀၂ ကြိမ်မြောက် မစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
China launches new communication technology test satellite
WENCHANG, Hainan, Oct. 24 (Xinhua) — China on Thursday sent a new communication technology test satellite into space from the Wenchang Space Launch Site in south China’s Hainan Province.
Launched at 10:30 p.m. (Beijing Time) aboard a Long March-5 rocket, the satellite has entered its planned orbit successfully.
It will be used mainly to carry out multi-band and high-speed communication technology validation tests.
The launch was the 602nd mission of the Long March carrier rocket series. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.