Connect with us

Media

အားလပ်ရက်ကာလအတွင်း မြေအောက်အနက် ၇၆၅ မီတာမှာ မနားမနေ တာဝန်ထမ်းဆောင်မှု

ယူနန် (လုံလိန်)၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီမြို့မှ ရွှေလီမြို့အထိ ရထားလမ်း၏ ကောင်းလီကုန့်တောင် လိုဏ်ခေါင်း အမှတ် (၁) ဒေါင်လိုက်တွင်းတည်ဆောက်ရေးဇုန်ရှိ မြေအောက် ၇၆၅ မီတာ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဆောက်လုပ်ရေးသမားပေါင်း ၄၀၀ ကျော်က ချွေးသံတစ်လုံးလုံးဖြင့် တာ့လီ-ရွှေလီရထားလမ်း ဆောလျင်စွာပြေးဆွဲနိုင်ရေးအတွက် အားကြိုးမာန်တက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် အဆိုပါဇုန်၌ အပေါက်ဖောက်လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ချိန်တွင် စွန့်ပစ်မြေအများအပြား ပေါ်ထွက်လေ့ရှိသည်။ စွန့်ပစ်မြေများကို လုပ်ငန်းလုပ်ဆောင်ရာနေရာမှ ပင်မတွင်းအောက်ဘက်ရှိ စွန့်ပစ်ကွင်းသို့ ရှေးဦးစွာ ပို့ဆောင်ရသည်။ ထိုမှတစ်ဆင့် Loader များဖြင့် ပုံးထဲထည့်ကာ တွင်းနက်ထဲမှ ၇၆၅ မီတာအထက် မြေပြင်ပေါ်သို့ မြှင့်တင်ပို့ဆောင်ရသည်။

“ကျွန်တော့်နေ့စဉ်အလုပ်က စွန့်ပစ်မြေတွေကို ကားပေါ်တင်ရတာပါ။ နေ့စဉ် ၁၅ စီး ၁၆ စီးလောက် တင်ရတယ်။ တစ်နေ့ကို ၈ နာရီ အလုပ်လုပ်ပါတယ်” ဟု တာ့လီ-ရွှေလီရထားလမ်း ကောင်းလီကုန့်တောင် အမှတ် (၁) ဒေါင်လိုက်တွင်း တည်ဆောက်ရေးဇုန် Loader မောင်းနှင်သူ ကျန်းရှောက်လျင် က ပြောကြားခဲ့သည်။

တာ့လီ-ရွှေလီရထားလမ်း ကောင်းလီကုန့်တောင် အမှတ် (၁) ဒေါင်လိုက်တွင်း တည်ဆောက်ရေးဇုန် မြှင့်တင်ပို့ဆောင်ရေးဝန်ထမ်း ယန်ကျန့်ဟွာက “မြှင့်တင်ပို့ဆောင်ရေးက စွန့်ပစ်မြေတွေကို အပေါ်ကိုပြန်ပို့ပေးတာပါ။ ဂျူတီတစ်ချိန်ကို ၈ နာရီ ပုံး ၁၀၀ လောက် ပို့လို့ရတာပေါ့” ဟု ဆိုသည်။

“စုစုပေါင်းတွင်းအောက်မှာ မြေတူးစက် ၄ လုံး၊ Loader ၈ လုံး၊ စွန့်ပစ်မြေတင်ကား ၆ စီးရှိတယ်။ မရပ်မနားလုပ်ရင် တစ်နေ့ကို စွန့်ပစ်မြေ ကုဗမီတာ ၁,၃၀၀ ကျော် ပို့နိုင်တယ်” ဟု တာ့လီ-ရွှေလီရထားလမ်း ကောင်းလီကုန့်တောင် အမှတ် (၁) ဒေါင်လိုက်တွင်း တည်ဆောက်ရေးဇုန် ထုတ်လုပ်ရေး ဒုတိယမန်နေဂျာ ဝမ်ချန်ပေါက ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်လာသည်နှင့်အမျှ အမှတ် (၁) ဒေါင်လိုက်တွင်း တည်ဆောက်ရေးဇုန်သည် စီမံကိန်းတည်ဆောက်မှု၏ အဓိကအဆင့်နှင့် ခက်ခဲမှုထိုးဖောက်ရသည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ဆောက်လုပ်ရေးသမားပေါင်း ၄၀၀ ကျော်သည် အခက်အခဲ အထပ်ထပ်ကိုကျော်ဖြတ်၍ ၂၄ နာရီ မရပ်မနားလုပ်ကိုင်ရင်း စီမံကိန်းတည်ဆောက်မှုကို အင်တိုက်အားတိုက် တွန်းအားပေးလျက်ရှိသည်။

တာ့လီ-ရွှေလီရထားလမ်း ကောင်းလီကုန့်တောင် အမှတ် (၁) ဒေါင်လိုက်တွင်း တည်ဆောက်ရေးဇုန် လုံခြုံရေးနှင့် အရည်အသွေးရေးရာဌာန အကြီးအကဲ ဟွမ်ထျန်းကန်း က “ ‘လိုဏ်ခေါင်းတည်ဆောက်မှုပြတိုက်’ လို့ ခေါ်တဲ့ ဒီစီမံကိန်းမှာ ကျွန်တော်တို့ ပါဝင်ခွင့်ရလို့ အလွန်ဝမ်းမြောက်မိပါတယ်။ အမျိုးသားနေ့နဲ့ ဆောင်းဦးလယ်ပွဲတော် ပိတ်ရက်ကာလမှာလည်း ကျွန်တော်တို့ ဒီမှာ ဆက်လက်လုပ်ကိုင်နေတာကလည်း စီမံကိန်းတည်ဆောက်မှုနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ထောင့်တစ်နေရာက အကျိုးထမ်းဆောင်တာပါပဲ” ဟု ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
地下765米的坚守
【解说】国庆假期期间,云南大理至瑞丽铁路高黎贡山隧道1号竖井工区400多名建设者坚守在地下765米的施工现场,用汗水为大瑞铁路早日贯通注入强劲动力。
目前,该工区正在进行正洞施工,作业时会产生大量渣土。渣土需从作业面先转运至主井下方的渣场,随后经装载机装桶,再通过深井提升至765米外的地表。
【同期】大瑞铁路高黎贡山隧道1号竖井工区装载机驾驶员 张少林
我每天的工作就是把渣(土)装到渣车上,每天大概装15至16车,一天工作8个小时。
【同期】大瑞铁路高黎贡山隧道1号竖井工区提升运维员 杨占华
提升运维就是把渣土提上去,一个班8个小时,(可以提)100多桶。
【同期】大瑞铁路高黎贡山隧道1号竖井工区生产副经理 王长波
总共井下有4台挖机、8台装载机、6台出渣车,不停地循环作业,每天(运送)渣土1300多方。
【解说】随着施工的持续推进,1号竖井工区到了项目建设的关键阶段和攻坚期,400多名建设者克服重重困难,24小时不间断作业,全力推进项目建设。
【同期】大瑞铁路高黎贡山隧道1号竖井工区安质部部长 黄天刚
我们能参与到这个号称“隧道建设博物馆”的工程,感觉到很荣幸,国庆还有中秋假期我们仍然坚守在这里,也是为了工程的建设和国家的发展做出一份贡献。
王安浩维、李成滢玥、李开平、侯云鹏 云南龙陵报道