Connect with us

Media

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်း၏ တရုတ်နိုင်ငံ ခရီးစဉ်နှင့် စပ်လျဉ်း၍ အစီအစဉ်များအား မိတ်ဆက်ပြောကြား

ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်းသည် နိုဝင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ ၆ ရက်တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာအစီအစဉ်နှင့် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်းက ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၇ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်လာရောက်ပြီး သမ္မတ ရှီကျင့်ဖိန်၊ ဝန်ကြီးချုပ် လီချန်တို့က ၎င်းနဲ့ သီးခြားစီ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ဒါက တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်လာကတည်းက ထိုင်းနိုင်ငံဘုရင် ပထမဆုံး တရုတ်နိုင်ငံကို ခရီးစဉ်လာရောက်တာဖြစ်ပါတယ်။ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက တရုတ်နိုင်ငံကို ပထမဆုံး တရားဝင်ခရီးစဉ်သွားရောက်တဲ့ နိုင်ငံကြီးအဖြစ် ထားရှိတာက နှစ်ဖက်အနေနဲ့ တရုတ်-ထိုင်းဆက်ဆံရေး တိုးတက်မှုအပေါ် များစွာအလေးထားမှုကို အပြည့်အဝပေါ်လွင်စေပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။
တရုတ်-ထိုင်းသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံနှင့် အေးအတူပူအမျှ အသိုက်အဝန်းဖြစ်ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုဖြင့် တရုတ်-ထိုင်းဆက်ဆံရေးသည် အဆင့်မြင့်လည်ပတ်မှုကို ထိန်းသိမ်းထားကာ တရုတ်-ထိုင်း မိသားစုပမာချစ်ခင်ရင်းနှီးမှု” သည် ပြည်သူများစိတ်နှလုံးတွင် အမြစ်တွယ်နေကြောင်း၊ ယခုနှစ်သည် တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့်နှင့် “တရုတ်-ထိုင်း ချစ်ကြည်ရေး ရွှေရောင် နှစ် ၅၀” ဖြစ်ရာ နှစ်နိုင်ငံ ဆက်ဆံရေးသည် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းအသစ်နှင့်ကြုံနေရကြောင်း မော်နင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ယခုအကြိမ်ခရီးစဉ်မှတစ်ဆင့် အစဉ်အလာချစ်ကြည်ရေးကို ရှေ့ဆက်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို ခိုင်မြဲစေရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုတွင် ပိုမိုကြွယ်ဝသောရလဒ်များ ရရှိမှုကို တွန်းအားပေးရန်၊ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန်၊ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်သာယာဝပြောရေးအတွက် အပြုသဘောဆောင်စွာ အကျိုးထမ်းဆောင်ရန် မျှော်လင့်ကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
外交部介绍泰国国王哇集拉隆功访华有关安排
新华社北京11月6日电(记者曹嘉玥、刘杨)应国家主席习近平邀请,泰国国王哇集拉隆功将于11月13日至17日对中国进行国事访问。外交部发言人毛宁6日在例行记者会上介绍有关安排和中方期待。
“泰国国王哇集拉隆功将应邀于11月13日至17日对中国进行国事访问,习近平主席、李强总理将分别同他会见。这是中泰建交以来泰国国王首次访华,哇集拉隆功国王将中国作为正式访问的首个大国,充分体现双方对发展中泰关系的高度重视。”毛宁说。
毛宁表示,中泰是亲密友好邻邦和命运共同体。近年来,在两国领导人的战略引领下,中泰关系保持高水平运行,“中泰一家亲”深入人心。今年是中泰建交50周年暨“中泰友谊金色50年”,两国关系面临新的发展机遇。
毛宁说,中方期待通过此访,赓续传统友好,巩固政治互信,深化互利合作,推动中泰命运共同体建设取得更多丰硕成果,更好造福两国人民,为地区和平稳定与发展繁荣作出积极贡献。(完)
图说:当地时间2022年11月18日晚,国家主席习近平和夫人彭丽媛在曼谷大王宫会见泰国国王哇集拉隆功和王后素提达。这是习近平同哇集拉隆功亲切交谈。新华社发