Media
လာမည့်ငါးနှစ်အတွင်း မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းသစ်များ” ဆွေးနွေးပွဲကျင်းပ
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
“၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း – လာမည့်ငါးနှစ်အတွင်း မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းသစ်များ” ဆွေးနွေးပွဲ ကို မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) တွင် နိုဝင်ဘာ ၂၆ ရက်၌ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Cao Jing ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) အဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်နှင့် နှစ်နိုင်ငံအစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ Think Tank ပညာရှင်များ၊ မီဒီယာများနှင့် စီးပွားရေးအသိုက်အဝန်းမှ ကိုယ်စားလှယ်များ စုစုပေါင်း လူ ၄၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
