Connect with us

Media

တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရှင်နှင့်သုတေသီ ၁၈ ဦးက BRI ပူးပေါင်းဆောင်ရွက်မှုအား စာတမ်းဖတ် ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်နှင့်မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်းထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု စာတမ်းဖတ်ပွဲအား ရန်ကုန်မြို့၌ စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည်။

အဆိုပါ စာတမ်းဖတ်ပွဲကို မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ယူနန်တက္ကသိုလ်-မြန်မာ့ရေးရာလေ့လာရေးဌာနတို့ ပူးပေါင်းစီစဉ်တာ ဖြစ်သည်။ စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ သုတေသနပညာရှင်များနှင့် သုတေသီတို့က ရပ်ဝန်းနှင့်ပိုးလမ်း အဆိုပြုချက်နှင့်စပ်လျဉ်း၍ ရှုထောင့်မျိုးစုံမှလေ့လာဆန်းစစ်ထားသည့် စာတမ်းများကို စုစည်းထုတ်ဝေထားသည့် စာအုပ်အား ယူနန်တက္ကသိုလ် မြန်မာ့ရေးရာလေ့လာရေးဌာန တွဲဖက်ပါမောက္ခ ညွှန်ကြားရေးမှူး Mr.Kong Peng က မိတ်ဆက်တင်ပြခဲ့သည်။ (Xinhua)