Connect with us

Media

တရုတ်နိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံးတံတား ပင်မအဆောက်အအုံ တည်ဆောက်မှုပြီးစီး

ကွေ့ယန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ဟွားကျန်း လျှိုမြောင်တံတားကြီး၏ ပင်မအဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းမှာ ဇန်နဝါရီ ၁၇ ရက်တွင် ပြီးစီးခဲ့ပြီဖြစ်ရာ ယင်းတံတားကြီးမှာ ကမ္ဘာ့အမြင့်ဆုံး တံတားဖြစ်လာမည်ဖြစ်သည်။
လက်ရှိတည်ဆောက်နေဆဲ ဟွားကျန်း လျှိုမြောင်တံတားကြီး၏ အပိုင်းများကို ချိတ်ဆက်လျက် အလေးချိန် ၂၁၅ တန် ရှိသော နောက်ဆုံး သံမဏိရက်မကို ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက တံတားပေါ်တွင် အတိအကျနေရာချခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………………
(English Version)
China completes main structure of world’s tallest bridge
China on Friday finished the construction of the main structure of a bridge in its southwestern Guizhou Province, which is set to become the world’s tallest bridge.
The last steel girder weighing about 215 tonnes was precisely hoisted into place on Friday afternoon, connecting sections of the Huajiang Grand Canyon Bridge currently under construction.