Media
တရုတ်နိုင်ငံ၏ ဧရာမဈေးကွက်ကို ကမ္ဘာသို့ ဆက်လက်တံခါးဖွင့်လှစ်မည်ဟု တရုတ်ဝန်ကြီးချုပ် ပြော
ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ဧရာမဈေးကွက်ကို ကမ္ဘာသို့ တံခါးဖွင့်လှစ်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများအား အခြားနိုင်ငံများနှင့် မျှဝေရန်၊ ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုကို မြှင့်တင်ရန် ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပွတ်တိုက်မှုများကို သင့်လျော်စွာ ဖြေရှင်းရန်နှင့် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းသော ရလဒ်များ ရရှိရန် စသည်တို့အား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်က တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ဒီဇင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။
“1+10” ဆွေးနွေးပွဲသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေကြသည့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အာဂျေး ဘန်ဂါ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ မန်နေဂျင်းဒါရိုက်တာ ခရစ္စတာလီနာ ဂျော်ဂျီဗာ၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံ၏ အထွေထွေအတွင်းရေးမှူးချုပ် ရီဘက်ကာ ဂရင်းစပန်တို့နှင့် သီးခြားတွေ့ဆုံစဉ် လီက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
China to continue opening up its mega-market to world: premier
BEIJING, DEC. 9 (Xinhua) — China will continue opening up its mega-market to the world, sharing development opportunities with other countries, and enhancing dialogue and communication to properly addressing economic and trade frictions and achieve win-win outcomes, Chinese Premier Li Qiang said in Beijing on Tuesday.
Li made the remarks during separate meetings with President of the World Bank Ajay Banga, Managing Director of the International Monetary Fund (IMF) Kristalina Georgieva, and Secretary-General of the UN Conference on Trade and Development Rebeca Grynspan, all of whom are in China to attend the “1+10” Dialogue. ■
