Connect with us

Media

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တရုတ်-ကမ္ဘောဒီးယား-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပပြီး သတင်းကြေညာချက် ထုတ်ပြန်

ကူမင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်-ကမ္ဘောဒီးယား-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက်တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ယွိရှီးမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
သုံးပွင့်ဆိုင်အစည်းအဝေးပြီးနောက် ထုတ်ပြန်သည့် သတင်းကြေညာချက်၌ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အပစ်အခတ်ရပ်စဲမှု အခြေအနေအား တစ်ဆင့်ချင်း ခိုင်မြဲလာစေခြင်း၊ အပြန်အလှန် သွားလာဆက်ဆံမှု ပြန်လည်ဖော်ဆောင်ခြင်း၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း၊ ဆက်ဆံရေး ပြန်လည်တိုးတက်လာမှု ဖော်ဆောင်ခြင်း၊ ဒေသတွင်း ငြိမ်းချမ်းမှု ထိန်းသိမ်းခြင်း ဟူသည့် ကဏ္ဍကြီးငါးရပ်မှတစ်ဆင့် ညှိနှိုင်းချိတ်ဆက်မှုမြှင့်တင်ရေး၊ အပြန်အလှန်နားလည်မှု နက်ရှိုင်းစေရေးတို့ကို တစ်ဆင့်တိုးလုပ်ဆောင်သွားရန် အတည်ပြုခဲ့သည်။
အပစ်အခတ်ရပ်စဲရန် သဘောတူညီကြောင်း ပူးတွဲကြေညာချက်တစ်ရပ်အား လက်မှတ်ထိုးပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ တွေ့ဆုံဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့များအား ဦးဆောင်၍ သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————–
(English Version)
China-Cambodia-Thailand foreign ministers’ meeting held, press communique issued
KUNMING, Dec. 29 (Xinhua) — The China-Cambodia-Thailand foreign ministers’ meeting was successfully held in Yuxi City, southwest China’s Yunnan Province on Monday.
After the trilateral meeting, a press communique was issued, which made it clear from five aspects that Cambodia and Thailand will further enhance communication, deepen understanding, and gradually consolidate the ceasefire situation, restore mutual exchanges, rebuild political mutual trust, achieve a turnaround in relations, and maintain regional peace.
Following the signing of a joint statement agreeing to a ceasefire, Cambodian and Thai foreign ministers are leading delegations to meet in Yunnan from Dec. 28 to 29 at the invitation of Chinese Foreign Minister Wang Yi. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.