Connect with us

Media

အာရှ-ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်၊ IMF ရှန်ဟိုင်းစင်တာ တရားဝင် ဖွင့်လှစ်

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရှန်ဟိုင်းစင်တာကို ဒီဇင်ဘာ ၈ ရက်က တရားဝင် ဖွင့်လှစ်ခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် IMF တည်ထောင်ထားသည့် ဒေသတွင်းစင်တာများအနက် တစ်ခုအနေဖြင့် ရှန်ဟိုင်းစင်တာ၏ ဖွင့်လှစ်လည်ပတ်မှုသည် IMF နှင့် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရေးအတွက် အရေးကြီးသည့်အနှစ်သာရ ရှိပေသည်။

IMF ရှန်ဟိုင်းစင်တာသည် IMF နှင့် အာရှ-ပစိဖိတ်ဒေသတွင်း စီးပွားရေး အစုအဖွဲ့များ၏ ပူးပေါင်းဖလှယ်မှုကို မြှင့်တင်ရန်၊ ထွန်းသစ်စဈေးကွက်နှင့် အလယ်အလတ်အဆင့်ဝင်ငွေရှိ နိုင်ငံများ ဂရုပြုကြသည့် ကဏ္ဍများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ သုတေသနပြုလုပ်ရန်၊ ဒေသတွင်းစီးပွားရေးအစုအဖွဲ့များအတွက် တိကျသော စွမ်းရည်တည်ဆောက်မှု ပံ့ပိုးရန်၊ ကမ္ဘာနှင့် ဒေသတွင်း ဘဏ္ဍာရေးတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း သတင်းထောက်အနေဖြင့် တရုတ်ပြည်သူ့ဘဏ် (PBOC) မှ သိရသည်။

တရုတ်ပြည်သူ့ဘဏ် (PBOC) ဥက္ကဋ္ဌ ဖန်းကုန်းစိန့် က ရှန်ဟိုင်းစင်တာ ဖွင့်လှစ်လည်ပတ်ခြင်းသည် တရုတ်နိုင်ငံနှင့် IMF အဆိုပြုသည့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်းဟူသော ခိုင်မာသည့်ရပ်တည်ချက်ကို အပြည့်အဝ ပြသလိုက်ကြောင်း၊ IMF နှင့် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများအကြားရှိ မက်ခရိုစီးပွားရေးမူဝါဒဖလှယ်မှုနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ကမ္ဘာနှင့် ဒေသတွင်း ဘဏ္ဍာရေးတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ပြည့်စုံကောင်းမွန်စေရန်အတွက် အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့ဘဏ် (PBOC) အနေဖြင့် ရှန်ဟိုင်းမြို့၊ IMF အဖွဲ့နှင့်အတူ ဆက်လက်၍ ရှန်ဟိုင်းစင်တာတည်ဆောက်မှုနှင့် တိုးတက်မှုကို အစွမ်းကုန် ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

IMF မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva က ရှန်ဟိုင်းစင်တာသည် အဓိကချိတ်ဆက်မှု အချက်အချာအနေဖြင့် ထွန်းသစ်စဈေးကွက်နှင့် အလယ်အလတ်အဆင့်ဝင်ငွေရှိ နိုင်ငံများ၏ သက်ဆိုင်ရာ မူဝါဒကဏ္ဍ သုတေသနလုပ်ငန်းများကို တွန်းအားပေးသွားမည်ဖြစ်သလို IMFနှင့် ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများ၊ ဒေသတွင်းအဖွဲ့အစည်းဌာနများနှင့် အခြားသော အကျိုးစီးပွားသက်ဆိုင်သူများ၏ တွေ့ဆုံဆွေးနွေးဖလှယ်မှုကို နက်ရှိုင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့ မြို့တော်ဝန် ကုန်ကျိန့်က ရှန်ဟိုင်းစင်တာသည် မူဝါဒသုတေသနပံ့ပိုးမှု၊ စွမ်းရည်တည်ဆောက်မှု၊ ပူးပေါင်းဖလှယ်ရေးမြှင့်တင်မှု စသည့် တက်ကြွသည့်အစီအမံများမှတစ်ဆင့် ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစင်တာ တည်ဆောက်မှုကို အားပေးရန်၊ ဘဏ္ဍာရေး အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို တိုးချဲ့ရေးအတွက် ပို၍ကြီးမားသောအင်အားပံ့ပိုးပေးရန် မျှော်လင့်ကြောင်း၊ ရှန်ဟိုင်းမြို့အနေဖြင့် IMF ရှန်ဟိုင်းစင်တာ ထိရောက်မှုမြင့်မားစွာ လည်ပတ်ရေးအတွက် ကောင်းမွန်သောအခြေအနေများနှင် အဆင်ပြေလွယ်ကူမှုများ ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
加强与亚太地区合作!国际货币基金组织上海中心正式开业
新华社上海12月8日电(记者吴雨、桑彤)12月8日,国际货币基金组织上海中心正式开业。作为国际货币基金组织在全球设立的区域中心之一,上海中心的开业运营对于深化基金组织与中国的合作具有重要意义。
记者从中国人民银行了解到,国际货币基金组织上海中心,旨在加强国际货币基金组织与亚太地区经济体的交流与合作,就新兴市场和中等收入国家关注领域开展相关研究,为区域内经济体提供有针对性的能力建设支持,维护全球和区域金融稳定。
中国人民银行行长潘功胜表示,上海中心开业运营,充分体现了中国与基金组织倡导合作共赢的坚定立场,对于深化基金组织与中国的合作,促进亚太区域国家间的宏观经济政策交流和协调,维护全球和区域金融稳定、完善全球金融治理具有重要意义。中国人民银行将继续与上海市和基金组织一道,全力支持上海中心的建设与发展。
国际货币基金组织总裁格奥尔基耶娃表示,上海中心将作为重要枢纽,推动新兴市场和中等收入国家相关政策领域的研究工作,深化基金组织与区域内成员国、区域性机构以及其他利益攸关方的对话与交流。
上海市市长龚正表示,期待上海中心通过提供政策研究、能力建设、促进合作交流等积极举措,支持上海国际金融中心建设,为扩大金融高水平对外开放提供更大助力。上海市将继续为基金组织上海中心高效运营创造良好条件和提供便利。(完)