Media
ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုကျူးလွန်၍ ထွက်ပြေးလွတ်မြောက်နေသော “ရင်းနှီးမြှုပ်နှံသူ” နှင့် အမာခံအဖွဲ့ဝင် ၁၀၀ ဦးအား တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဖမ်းဝရမ်းထုတ်
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုများကို တရားဥပဒေနှင့်အညီ ပြင်းထန်စွာ နှိမ်နှင်းပြီး ပြည်သူလူထု၏ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုလုံခြုံရေး၊ တရားဝင် အခွင့်အရေးနှင့်အကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်ရန်အတွက် ယခုရက်ပိုင်းတွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု ကျူးလွန်၍ ထွက်ပြေးလွတ်မြောက်နေသော “ရင်းနှီးမြှုပ်နှံသူ” နှင့် အမာခံအဖွဲ့ဝင် ၁၀၀ ဦးအား ဖမ်းဝရမ်းထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းတို့တွင် ဝူချီဖိန်၊ ဝူချင်းကျိန့်၊ ဖုရှောင်ပင်း၊ အိုးချန်ဟွာ စသည့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ “မိသားစုကြီး လေးစု” ရာဇဝတ်ဂိုဏ်းများမှ အဓိက တရားခံပြေးများ ပါဝင်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၉ ရက်တွင် သိရှိရသည်။
စုံစမ်းစစ်ဆေးမှုများအရ လတ်တလောနှစ်ပိုင်းများတွင် ဝူချီဖိန်၊ ဝူချင်းကျိန့်၊ ဖုရှောင်ပင်း၊ အိုးချန်ဟွာ စသည့် ပြစ်မှုသံသယရှိသူများသည် ပြည်ပအင်အား၏ အကာအကွယ်ပေးမှုအောက်တွင် တရုတ်နိုင်ငံသားများအပေါ် ပစ်မှတ်ထားသည့် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု ပြစ်မှုလှုပ်ရှားမှုများကို ရေရှည်လုပ်ဆောင်ရန် လူပုဂ္ဂိုလ်များ စီစဉ်စုဆောင်းခဲ့ကြောင်း၊ လိမ်လည်မှုငွေကြေးပမာဏမှာ ဧရာမကြီးမားသလို ပြစ်မှုအနေအထားသည်လည်း လွန်စွာ ဆိုးရွားကြောင်း သိရသည်။
အထူးသဖြင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ တရုတ်နိုင်ငံနှင့်သက်ဆိုင်သော ပြစ်မှုတိုက်ဖျက်ရေး အထူးလုပ်ငန်းများ ဖြန့်ကြက်စီမံလုပ်ဆောင်ခဲ့ရာ ပြည်သူ့လုံခြုံရေးဌာန၏ ပြင်းပြင်းထန်ထန် ဖိအားပေးနှိမ်နှင်းမှုအောက်တွင် အဆိုပါ ပြစ်မှုသံသယရှိသူများသည် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်မှု၊ ရပ်တန့်မှုမရှိသေးဘဲ တရားဥပဒေချိုးဖောက်သော ပြစ်မှုဆိုင်ရာလှုပ်ရှားမှုများကို ထင်သလို ဆက်လက်စီစဉ်လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ ထွက်ပြေးလွတ်မြောက်နေသူများ၏ ပြစ်မှုမှာထင်ရှားပြီး သက်သေအထောက်အထားပြည့်စုံရာ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးနှင့် ဝန်းကျိုး၊ ဖူကျန့်ပြည်နယ် ချွမ်ကျိုးနှင့် လုန်ယန်၊ ဟဲနန်ပြည်နယ် ဖိန်တိဆန်း၊ ကွမ်တုန်းပြည်နယ် ဆန်းကျန့်၊ ယူနန်ပြည်နယ် ကူမင်းတို့ကလည်းကောင်း၊ ချုံချင့်မြို့ကလည်းကောင်း စသည့် ဒေသများမှ ပြည်သူ့လုံခြုံရေးဌာနများက ၎င်းတို့အား ဆုကြေးဖြင့် ဖမ်းဝရမ်းထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ ပြစ်မှုသံသယရှိသူများအနေဖြင့် အခြေအနေကို ရှင်းလင်းစွာ သိရှိပြီး အချိန်မီရပ်တန့်ကာ ပြစ်ဒဏ်သက်ညှာမှု ရရှိရန်အလို့ငှာ မိမိဆန္ဒအလျောက် အဖမ်းခံရန်၊ တစ်ချိန်တည်းတွင်ပင် လူမှုအသိုက်အဝန်း နယ်ပယ်အသီးသီးနှင့် ကျယ်ပြန့်များပြားလှသော ပြည်သူလူထုအနေဖြင့် ပြစ်မှုသံသယရှိသူအား ဖမ်းဆီးနိုင်ရေးအတွက် တက်ကြွစွာ သတင်းပို့တိုင်ကြားကာ ပူးပေါင်းကူညီဆောင်ရွက်ကြရန် တရုတ်ပြည်သူ့လုံခြုံရေးဌာနက တိုက်တွန်းထားသည်။ ခိုင်လုံသော သတင်းပေးသူများနှင့် ဖမ်းဆီးရာတွင် ကူညီပေးသူများကို ဥပဒေနှင့်အညီ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများမှ ကာကွယ်စောင့်ရှောက်ပြီး ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
公安机关公开通缉100名电信网络诈骗犯罪在逃“金主”和骨干人员
新华社北京12月9日电(记者熊丰)记者12月9日从公安部获悉,为依法严厉打击跨境电信网络诈骗犯罪,切实维护人民群众财产安全和合法权益,近日,公安部发布通缉令,公开通缉100名电信网络诈骗犯罪在逃“金主”和骨干,其中包括吴启平、吴清正、傅小滨、欧长华等缅北“四大家族”犯罪集团重要逃犯。
经查,近年来,吴启平、吴清正、傅小滨、欧长华等犯罪嫌疑人在境外势力庇护下,组织招募人员,长期实施针对中国公民的电信网络诈骗犯罪活动,诈骗数额巨大,性质极其恶劣。特别是公安部部署开展打击缅北涉我犯罪专项工作以来,在公安机关严打高压态势下,上述犯罪嫌疑人仍不收敛、不收手,继续大肆组织实施违法犯罪活动。该批在逃人员犯罪事实清楚、证据确凿充分,浙江杭州、温州,福建泉州、龙岩,河南平顶山,广东深圳,云南昆明和重庆等地公安机关决定对其进行公开悬赏通缉。
公安机关敦促相关犯罪嫌疑人认清形势,悬崖勒马,主动投案自首,争取宽大处理。同时,希望社会各界和广大人民群众积极举报,协助抓捕犯罪嫌疑人。对提供有效线索和协助抓捕的有功人员,公安机关将依法予以保护和奖励。(完)
