Connect with us

Media

ယူနန်ပြည်နယ် ရွှေလီမြို့၌ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်မာရသွန် အပြေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ပေါင်း ၉,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်

ရွှေလီ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် မြန်မာနိုင်ငံမူဆယ်-တရုတ်နိုင်ငံရွှေလီ နယ်စပ်ဖြတ်ကျော်မာရသွန် အပြေးပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်တွင် ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့၌ကျင်းပခဲ့ရာ တရုတ်၊ မြန်မာ၊ ဗြိတိန် စသည့်နိုင်ငံနှင့် ဒေသပေါင်းများစွာမှ လူပေါင်း ၉,၀၂၉ ဦးပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲ၌ မာရသွန်၊ တာဝက်မာရသွန်၊ အပျော်တမ်းအပြေးပြိုင်ပွဲ၊ မိသားစုအပြေးပြိုင်ပွဲဟူ၍ အုပ်စု ၄ ခုခွဲထားသည်။
ယခုအကြိမ် နယ်စပ်ဖြတ်ကျော်မာရသွန်ပြေးပွဲလမ်းကြောင်း စုစုပေါင်းအရှည်မှာ ၄၂.၁၉၅ ကီလိုမီတာဖြစ်ပြီး ရွှေလီမြို့ နုန့်မော်ရေကန် စီစဉ်ရေးဆွဲမှုပြခန်းမှ စတင်၍ လမ်းတစ်လျှောက် ရွှေလီမြို့တွင်း၊ ကျယ်ဂေါင် နန်းတော်ဂိတ်၊ တစ်ပင်သစ်တော ရှုခင်းသာ (One tree forest) စသည့်ဒေသများကို ကျော်ဖြတ်ကာ တရုတ်-မြန်မာနယ်နမိတ်မှတ်တိုင် အမှတ် ၈၁ တွင် လှည့်ပြန်ရမည်ဖြစ်သည်။ လမ်းကြောင်းတစ်လျှောက်တွင် ပန်းဖွားအဖွဲ့နေရာ ၃၅ ခုဖြင့် အားပေးမည့်လူပေါင်း အယောက် ၁,၂၀၀ ကျော် စီစဉ်ထားပါသည်။ ပြိုင်ပွဲဝင်များက လမ်းတစ်လျှောက်တွင် ရွှေလီမြို့၏ တစ်မူထူးခြားသော မြို့ပြဆွဲဆောင်မှုနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးစုဓလေ့များကို လက်တွေ့ခံစားနိုင်ပါသည်။
တရုတ်နိုင်ငံ ရွှေလီမြို့နှင့် မြန်မာနိုင်ငံ မူဆယ်မြို့သည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိသည်။ အဆိုပါပြိုင်ပွဲကို ၂၀၁၇ ခုနှစ်တွင် စတင်ကျင်းပသည့်အချိန်မှစ၍ နိုင်ငံနှင့် ဒေသပေါင်း ၃၃ ခုမှ အပြေးဝါသနာရှင်ပေါင်း ၅၄၀,၀၀၀ ကျော်က အွန်လိုင်း သို့မဟုတ် အော့ဖ်လိုင်းမှတစ်ဆင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးဖြစ်သည်။ (Xinhua)

————————-
(Chinese Version)
9000余人在云南瑞丽参加中缅跨国马拉松
1月5日,2024中缅瑞丽-木姐跨国马拉松在云南省德宏傣族景颇族自治州瑞丽市鸣枪开跑,共有来自中国、缅甸、英国等多个国家和地区的9029人报名参赛,设马拉松、半程马拉松、欢乐跑、温馨跑等4个组别。   此次跨国马拉松路线全长42.195公里,自瑞丽市弄莫湖规划展览馆起始,途经瑞丽市区、姐告国门、独树成林景区等地,在中缅边界81号界碑折返。全线设置35个啦啦队站点,1200余人呐喊助威。参赛选手在沿途体验瑞丽独特的城市魅力和边境民族风情。   中国瑞丽市与缅甸木姐市山水相连。该赛事自2017年首次举办以来,已有来自33个国家和地区的54万余名跑友在线上或线下参赛。   孙敏、尹以祜、黄兴才、贾雷 云南瑞丽报道。(完)
图说1、2、3、4:2025年1月5日,参赛选手参加2024中缅瑞丽-木姐跨国马拉松 新华社照片,瑞丽(云南)