Connect with us

Media

တရုတ်နိုင်ငံက ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လောင်စာဆီဖြည့်ရန် စမ်းသပ်ဂြိုဟ်တု လွှတ်တင်

ချိန်တူး၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက Long March-3B ဒုံးပျံကို အသုံးပြုကာ Shijian-25 စမ်းသပ်ဂြိုဟ်တုတစ်စင်းအား ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက အာကာသအတွင်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့သည်။
နောက်ပိုင်းတွင် သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ပို့ဆောင်မည့် ကုန်ပစ္စည်းများ တင်ဆောင်ထားသော အဆိုပါ ဒုံးပျံကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၄ နာရီအချိန်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ယင်းဂြိုဟ်တုကို ဂြိုဟ်တုလောင်စာဆီဖြည့်ခြင်းနှင့် ဝန်ဆောင်မှုနည်းပညာများ သက်တမ်းတိုးမြှင့်ခြင်း လုပ်ငန်း စိစစ်အတည်ပြုရန်အတွက် ကနဦး အသုံးပြုခြင်းဖြစ်ကြောင်း Shijian-25 ဂြိုဟ်တု ထုတ်လုပ်သူ ရှန်ဟိုင်း အာကာသပျံသန်းရေးနည်းပညာအကယ်ဒမီထံမှ သိရသည်။ (Xinhua)
……………………………
(English Version)
China launches test satellite for orbital refueling
China successfully sent a test satellite, Shijian-25, into space on Tuesday morning, using a Long March-3B rocket for the launch.
The rocket blasted off at 4:00 a.m. (Beijing Time) from the Xichang Satellite Launch Center in southwestern Sichuan Province, bringing the payload into the preset orbit later.
The satellite is primarily used for the verification of satellite fuel replenishment and life extension service technologies, according to the Shanghai Academy of Spaceflight Technology, the Shijian-25’s developer.
Xinhua News Agency correspondents reporting from Chengdu, China. (XHTV)